(Unicode)
ပုံဆွဲစာအုပ်လေး တွေ့ပြီးနောက်ပိုင်းထဲက ရိပေါ် နေမထိ ထိုင်မသာ ဖြစ်နေခဲ့သည်။ သူ ကျန့်ကောကို တွေ့ချင်လှပြီ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျန့်ကော သဘောကို သိအောင် လုပ်ပြီး အိမ်ကို ရအောင် ပြန်ခေါ်မည်။
အရာရာကို ကျန့်ကောသာ ပထမ .....
ကျန့်ကောသာ ဒုတိယ.....
အခုလည်း ရုံးခန်းထဲ ထိုင်ရင်း စစ်ကျွေးဆီ စကားစရှာဖို့ စဥ်းစားနေမိသည်။
*ဟဲလို...မစ္စတာ ဝမ်ရိပေါ်...
အခန်းပေါက်ဝမှာ လက်ပြရင်း ခေါင်းပြူနေတဲ့ ကျန်းချန်ကြောင့် ရိပေါ် အတွေးတို့ ရပ်သွားသည်။
*ကျန်းချန်ကော...လာလေ...
ကျန်းချန် ဟိုတေန့က အကြောင်း ပြောချင် မေးချင်လွန်း၍ ရိပေါ် အခန်းဆီ လာခဲ့ခြင်းဖြစ်သည်။
*မင်း အလုပ်များနေတာလား ရိပေါ်...
*နည်းနည်းပါ...ဘာလို့လဲ ကော...
*ဟိုတနေ့က မစ္စစ် ဟန်ယုံရှင်း... လာသွားတဲ့ အကြောင်း ပြောချင်တာရယ်...မေးချင်တာရယ် ရှိလို့... အဟင်း...
*ကျန်းချန်ကောကလည်း...စပ်စုတယ်နော်...မိန်းမကြီးလိုပဲ... ဟား...ဟား...ဟား...
ရိပေါ် မနေနိုင်စွာ စနောက် လိုက်သည်။ ကျန်းချန်က မျက်နှာကို မဲ့ရွဲ့ကာ ပြောင်နေပြန်လေသည်။
*ပြောလည်း ခံမယ်ကွာ...အဲ့ မလောက်လေး မလောက်စား ငမြွေထိုးမကိုတော့ ငါ မကျေနပ်တာ အမှန်ပဲ...
*အင်...ဘာတွေ ဖြစ်လို့လဲ...
*အဲ့ဒါ ခဏထားကွာ...မင်း ဟိုတနေ့က ဘာလို့ ရုံးမလာတာလဲ...
*အာ...ကိစ္စနည်းနည်း ရှိလို့ပါ...
*ဘာကိစ္စလဲ...
*ဟင့်အင်း...အဲ့ဒါ လျှို့ဝှက်ချက်... နောက်မှ ပြောပြမယ်...
*ရှောင်းကျန့် ကိစ္စ ကိုရော...
*ကျွန်တော် စဥ်းစားနေတုန်းပဲ...
*ဟင်း...မင်းဟာကလဲ...
ကျန်းချန်က ခေါင်းခါရင်း ရိပေါ်ကို ပြောလိုက်သည်။
*ကျွန်တော် သိရမှာတွေ ရှိသေးတယ်လို့ ထင်တယ် ကော...ဒါကြောင့် စဥ်းစားရမှာတွေလဲ များတာပေါ့...
YOU ARE READING
ဟင့်အင်း ခင်ဗျားကို....(U&Z) - Completed