(Unicode)
သတိလည်မလာသေးတဲ့ ရှောင်းကျန့်ကို ဆေးရုံ ICU မှာ ၂၄ နာရီ စောင့်ကြည့် အခြေအနေနဲ့ တင်လိုက်ရသည်။
အိမ်ထဲ ဝင်တဲ့သူကိုလည်း ရဲလက်အပ်ကာ အမှုဖွင့်ဖို့ စီစဥ်ရသည်။
ယာဥ်ထိန်းရဲတွေလည်း အခြေအနေမှန်ကို သိသွားသဖြင့် တရားရုံးထိမရောက်ဘဲဒဏ်ငွေနဲ့တင် ကျန်းချန်ကို စာရင်းဖြတ်လိုက်ကြသည်။
ဟိုက်ခွမ်းက နောက်ဆုံးမှ သိရသူမို့ ရှောင်းကျန့်ရှိရာ ဆေးရုံကို ဒရောသောပါး လိုက်လာရှာသည်။ ရိပေါ်ကတော့ မြင်နေရတဲ့ မှန်ခန်းထဲက ငြိမ်သက်နေဆဲ ရှောင်းကျန့်ကိုသာ ေငးကြည့်နေခဲ့သည်။
ကျွန်တော် ယုံတယ်...ကျန့်ကော ကျွန်တော့်ကို ထားမသွားဘူးလို့...
မပြီးသေးတာက စစ်ကျွေးနဲ့ ကျင်းလင်.....
*မင်း ရှည်တာလေ...မင်းလိုက်ပို့ခိုင်းလို့ ရှောင်းကောကို တယောက်ထဲ ထားခဲ့ရတာလေ...
*ငါလည်း လိုက်မပို့နဲ့တော့လို့ ပြောတယ်လေ...
*လူဆိုး ကို ကူတိုက်ပေးပါ ဆိုတော့လည်း မင်း အဖြစ်မရှိဘူး...
*ငါ...ငါ တတ်နိုင်တာ လုပ်လိုက်တယ်လေ...မင်းကလည်း...
ငြင်းဆဲ ငြင်းမြဲ နှစ်ကောင်နဲ့ ပွက်လောရိုက်နေလေသည်။ ဟိုက်ခွမ်း စိတ်မရှည်တော့။
*ဟို နှစ်ကောင်...ငြင်းမနေနဲ့...စားစရာ တခုခု သွားဝယ်ကြ...ဒီမှာ ဘယ်သူမှ မစားရသေးဘူး...အကုန်ညစာ ငတ်ကုန်မယ်...
ဟိုက်ခွမ်း ပြောလိုက်မှ နှစ်ယောက်သားပြိုင်တူ ခေါင်းငြိမ့် ကာ အပြင်ထွက်သွားကြသည်။ ထိုအခါမှ ဟိုက်ခွမ်းလည်း ရိပေါ်ရှိရာ ICU ခန်းရှေ့ကို လျှောက်လာခဲ့သည်။
*စိတ်အေးအေးထားပါ ရိပေါ်ရယ်...ငါ ဆရာဝန်ကြီးနဲ့ မေးကြည့်ပြီးပါပြီ...ဆေးက အများကြီး ဝင်မသွားပါဘူး... ဒါပေမယ့် ရှောင်းကျန့်က မေ့ဆေးကို မရှူမိဖို့ ကြိုးစားရင်း နောက်ဆုံး လေပြတ်သွားချိန်မှာ အင်နဲ့အားနဲ့ ရှူလိုက်မိပုံရတယ်...ဒါကြောင့် အခုထိ သတိမလည်သေးတာပါ... အခြေအနေ ကောင်းပါတယ်ကွာ...စိတ်အရမ်း မပူပါနဲ့...
YOU ARE READING
ဟင့်အင်း ခင်ဗျားကို....(U&Z) - Completed