အပိုင်း ၈ (U&Z)

6.7K 397 9
                                        

(Unicode)

ရိပေါ် ရုံးကို ခပ်စောစော ထွက်လာခဲ့သည်။ ကျန်းချန်ကောရဲ့ ဆူပုတ်နေမယ့် မျက်နှာကို မြင်ယောင်ကြည့်ရင်း မျက်နှာက ပြုံးစိစိ ဖြစ်နေသည်။

ကားပါကင်မှာ ကားရပ်ပြီး ဓာတ်လှေကားဆီ လာခဲ့လိုက်သည်။

*​ေဩာ် ကိုယ်တော်ချော... ဘယ်လိုဖြစ်ပြီး အစောကြီး ရောက်လာတာလဲ...

နောက်မှ အသံကြောင့် ရိပေါ် လှည့်ကြည့်လိုက်သည်။သူ့ကို ဘုကြည့်ကြည့်နေတဲ့ ကျန်းချန်ကော။ မျက်နှာကို အတတ်နိုင်ဆုံး မရယ်မိအောင်ထိန်းပြီး ခေါ်လိုက်သည်။

*ကျန်းချန်ကော...

*ဟင်း...ပြုံးစိစိ လုပ်မနေနဲ့ ကောင်လေး...မိချောင်းမ သမီး မင်းရည်းစား...

*မိချောင်းမ သမီး...

*အေး ဟုတ်တယ်...တော်တော်ကို လျှာရှည်တယ်ရော...မနေ့က ငါ့ဆီ လာမွှေနေသေးတယ်...ဒါနဲ့ နေပါဦး ရိပေါ် ... မေးစရာ ရှိတယ်...

ရိပေါ် ရယ်မိသွားသည်။ ကျန်းချန်က စိတ်မဆိုးပေမယ့် သိချင်စိတ်ပြင်းပြနေတဲ့ မျက်နှာက ပေါ်လွင်နေသည်။

*မင်း နောက်တယောက်နဲ့ တွဲနေတာလား...

*အင်း...အဲ့လို ပြောရမလား... အခုမှ စပြီးလိုက်ဖို့ ပြင်ဆင်နေတယ် ပြောရမလား...

ရိပေါ်က မျက်မှောင်ကြုံကာ စဥ်းစားသလို လုပ်ကာ ဖြေလိုက်သည်။ ကျန်းချန်ရဲ့ မျက်ဝန်းအစုံက သိချင်စိတ်ကြောင့် တလက်လက် တောက်ပနေသည်။

*ဘယ်သူလဲ...ဘယ်ကလဲ...

*ပြော... မ ... ပြ ... ဘူး ...

ရိပေါ်က ဘုဆတ်ဆတ်ဖြေရင်း ွတံခါးပွင့်လာပြီ ဖြစ်တဲ့ ဓာတ်လှေကားထဲ ဝင်ခဲ့လေတော့သည်။ ထိုအခါမှ ငေးကြောင်ကျန်ရစ်တဲ့ ကျန်းချန်လည်း ကဗျာကယာ ဓာတ်လှေကားထဲ ပြေးဝင်လေတော့သည်။

*နေ... နေဦးလေ...ငါလည်း လိုက်မှာပေါ့...

❣ ❣❣ ❣❣❣

ရာသီဥတုက ဆောင်းဝင်လာပြီ။ အေးမြတဲ့ လေတို့ တိုက်လာပြီမို့ ရှောင်းကျန့် အပြင် ထွက်ပြီး ကြာကြာနေလို့မရတော့။ သစ်သားအိမ်လေးရဲ့ ဘေးဘက်က ဝရံတာ ကွက်လပ်လေးမှာ ထိုင်ရင်း နေဆာလှုံနေလိုက်သည်။

ဟင့်အင်း ခင်ဗျားကို....(U&Z) - CompletedWhere stories live. Discover now