(Unicode)
ဒီနေ့ ရှောင်းကျန့် မျက်ကြည်လွှာ အစားထိုးဖိုး ဆေးစစ်ရမည်။ ဟိုက်ခွမ်း လာခေါ်တာကြောင့် စစ်ကျွေးနဲ့ အတူ လိုက်ခဲ့ကြသည်။
*ကဲ...ပြီးပြီ...ဆေး စစ်ချက်အဖြေအားလုံး ကောင်းရင်... မျက်ကြည်လွှာ အစားထိုးဖို့ ရက်ချိန်း ယူလို့ရပြီ...
*ကျေးဇူးပါ ဟိုက်ခွမ်းရယ်...မင်းကြောင့် အားလုံး အဆင်ပြေသွားတာ... ဒါနဲ့ အချိန်စောသေးလားဟင်...
*ဘာလို့လဲ...
*ငါ...ကျင်းပေါင် ဆိုတဲ့ လူကို သွားတွေ့ချင်လို့...
ရှောင်းကျန့်စကားကြောင့် ဟိုက်ခွမ်း အံ့အားသင့် သွားသည်။
*ဖြစ်ပမလား ရှောင်းကျန့်ရဲ့...ကျန်းချန်နဲ့ ရိပေါ်တို့ နေ့တိုင်းနီးပါးသွားနေတာတောင်...ဘာမှ မထူးခြားဘူး...
*အင်း...ဒါပေမယ့် ငါက ကာယကံရှင်လေ... နည်းနည်း အထောက်အကူ ပြုနိုင်မလားလို့ပါ...မထူးခြားလည်း အရှုံးမရှိပါဘူးကွာ...သွားတွေ့ရအောင်...
*အေးလေ...ပြီးရော...
ဟိုက်ခွမ်းတို့ သုံးယောက် ဆေးရုံကိစ္စပြီးတော့ အကျဥ်းထောင်ဆီ ထွက်လာခဲ့ကြလေသည်။
❣ ❣❣ ❣❣❣
မှန်ကာ အခန်းလေး ရှေ့မှာ ရှောင်းကျန့်နှင့် ဟိုက်ခွမ်း ထိုင်စောင့်နေသည်။ အတော်ကြာမှ အထဲက လူတယောက် မှန်ကာလေး ရှေ့မှာ လာထိုင်လေသည်။
*ခင်ဗျားက ကျင်းပေါင်လား...
ဟိုက်ခွမ်းအမေးကို ထိုသူက ခေါင်းငြိမ့်ဖြေသည်။ ရှောင်းကျန့်က ပြုံးပြလေသည်။
*ခင်ဗျားတို့က ဘယ်သူတွေလဲ...လာတွေ့နေကျ ဟိုနှစ်ယောက် မဟုတ်လို့ မေးကြည့်တာပါ...
*ဟုတ်ကဲ့... သူက ဟိုက်ခွမ်း... ကျွန်တော်က ရှောင်းကျန့်...
*ရှောင်း...ကျန့်...
ရှောင်းကျန့်စကားအဆုံးမှာ ထိုသူက တခွန်းချင်း ထပ်ရွတ် ေနလေသည်။
*ခင်ဗျားက ရှောင်းကျန့်လား...
*ဟုတ်ပါတယ်... ဘာလဲ ခင်ဗျား မထင်ထားလို့လား...
YOU ARE READING
ဟင့်အင်း ခင်ဗျားကို....(U&Z) - Completed