(Unicode)
ဟိုက်ခွမ်းဆွဲခေါ်ရာနောက်ကို ကျန်းချန် ပါသွားပြီးနောက် ရုံးခန်းထဲမှာ ကျန်ခဲ့တဲ့ ရိပေါ်တယောက် အူလည်လည် ဖြစ်နေလေသည်။
ဘာတွေလဲ...အစည်းအဝေးသွားတဲ့ ခဏအတွင်း ဘာတွေ ဖြစ်ကုန်တာလဲ...
လက်ထဲက ဖုန်းမှ နံပါတ်တချို့ကို ရိပေါ် ခပ်မြန်မြန်ပဲ နှိပ်လိုက်သည်။
*ကို...
တဘက်မှ စကားသံကြားသည်နှင့် သူ အလောတကြီး မေးမိသည်။
*သဲ...မင်းဘာလို့ ကျန့်ကောခေါင်းကို ရိုက်ခွဲလိုက်ရတာလဲ...
*အာ...မဟုတ်တာ ကိုရယ်... သဲက ဘာလို့ ရှောင်းကျန့် ခေါင်းကို ရိုက်ရမှာလဲ...ဘာတွေလဲကို...မဟုတ်တာတွေနော်...သဲအကြောင်း ကိုလည်း သိသားနဲ့ဟာ...
*သေချာလား သဲ...
*ကိုရယ်...တကယ်ပေါ့...ရှောင်းကျန့် ခေါင်းကို ရိုက်ခွဲရအောင် သဲက မိန်းကလေး...သူက ယောကျာ်းလေးလေ...ဘယ်လို ဖြစ်နိုင်မှာလဲ...မိန်းကလေးတယောက် ရိုက်တာကို ဘယ်ယောကျာ်းလေးက ငြိမ်နေမှာလဲ...သဲကို ပြန်လုပ်မှာပေါ့...မဟုတ်တာတွေနော် ကို...ဘာလဲ ကိုက သဲကို မယုံဘူးလား...သဲ ဘယ်လို လုပ်ပေးရမလဲ...ကို့ အိမ်ကို လိုက်ပြီး ပြောပြရမလား...
ယုံရှင်းကို အိမ်လိုက် ပြောခွင့် ပေးလို့တော့ ဘယ်ရမလဲ...မားမား သွေးတက်သွားမှာပေါ့...ဒါပေမယ့် စိတ်ချ ကျန့်ကော... ခင်ဗျား ဘယ်လောက် အကွက်ရွေ့ကောင်းကောင်း... ကျွန်တော် ငတုံး မဟုတ်ဘူး ဆိုတာတော့ ခင်ဗျား သိစေရမယ်....
*အိုကေ သဲ...ကိုက သဲကို ယုံတာပေါ့... သေချာအောင်သာ ထပ်မေးရတာ...ကိုယ့်ဘက်က သဲကို အပြည့်အဝ ယုံတယ်နော်...မွ...Love you...
*me too...ကို... မွ...ဟင်း... ဟင်း...
ရိပေါ် ဖုန်းချကာ အိမ်ကို အမြန် ပြန်ခဲ့သည်။ နို့မို့ရင် မားမားကို ဘာတွေများ မဟုတ်တာတွေ ပြောပြီး ရှောင်းကျန့်က အမှတ်ယူနေဦးမည် မသိ။
❣ ❣❣ ❣❣❣
ဝမ်စံအိမ်ေတာ်ထဲ ရိပေါ် ရောက်ရောက်ခြင်း ....
မားမား အိပ်ခန်းထဲက ထွက်လာတဲ့ ရှောင်းကျန့်ကို တွေ့လိုက်ရသည်။ မားမား အိပ်ခန်း တံခါးလေးကို ပိတ်ကာ အပေါက်ဝမှာ ငုတ်တုတ်ေလးထိုင်ပြီး ငြိမ်နေတဲ့ ရှောင်းကျန့်က ေခါင်းမှာတော့ ပတ်တီးအဖွေးသားနဲ့။
YOU ARE READING
ဟင့်အင်း ခင်ဗျားကို....(U&Z) - Completed