(Unicode)
*တောက်...
ဒါ...ငါ့ကို သက်သက် အရှက်ခွဲတာ...နေပါဦး ယုံရှင်းရဲ့...နင်ကရော... အဲ့ကောင်က ကုမ္ပဏီကို မပိုင်ေတာ့ဘူးဆိုတာ မသိဘူးလား...
ဒေါသတကြီး ဧည့်ခန်းထဲ ခေါက်တုံ့ ခေါက်ပြန်လျှောက်နေတဲ့ ဟန်ဖုန်းရိက သမီးဖြစ်သူကို မေးနေပြန်သည်။ ချန်လင်းကတော့ ခင်ပွန်းဖြစ်သူကို ဒေါသမျက်လုံးများနဲ့ ကြည့်လိုက်သည်။
*နေပါဦး...ရှင်ကရော အခု ငွေက အရေးကြီးနေတာလား... သမီး အရှက်ကွဲရတာက အရေးကြီးတာလား...နည်းနည်းတော့ စဥ်းစားဦး...တကတည်းမှပဲ...
အမေဖြစ်သူဝင်ပြောမှပဲ ဟန်ယုံရှင်းက တသိမ့်သိမ့်နဲ့ ပိုပြီး ရှိုက်ငိုနေပြန်လေသည်။
*အဲ့ဒါ ဟိုဂျိုကောင် ရှောင်းကျန့်ကြောင့်လေ...ဒင်းကစပြီး မွှေလိုက်တာ အခုထိ ငါ့မှာ ဒုက္ခ ရောက်ရတုန်း...
နှစ်နှစ်ကျော် ငြိမ်နေတဲ့ ကောင်က ကုမ္ပဏီ ကို နောက်ကွယ်က ကြိုးကိုင်နေတာပေါ့...မထင်မိဘူး...မင်းလွတ်အောင် ပြေးထား ရှောင်းကျန့်...မင်းသေရင် ဒီပွဲ ပြီးပြီ...
ဖခင် စကားကြောင့် ဟန်ယုံရှင်း ဒေါသထွက်လာသည်။
*ဒယ်ဒီ...ဒယ်ဒီ တရားလွန်နေပြီ...ဒီအတိုင်း ဝမ်နဲ့ သမီး ေစ့စပ်တယ် ဆိုရင်တောင် ပြီးနေပြီဟာ...ကုမ္ပဏီ ကိစ္စတွေပါ ပါလာလို့ အငြင်းခံရတာလေ... ဒါကို ထပ်ပြီး ဘာလုပ်ချင်သေးတာလဲ...သမီး ဒီထက် ပိုပြီး အရှက်ကွဲ မခံနိုင်တော့ဘူး...ပြီးတော့ သမီး ချစ်တာ ဝမ့်ကို... သူ့ ကုမ္ပဏီ မဟုတ်ဘူး...
ဟန်ဖုန်းရိက သမီး ဖြစ်သူ ပုခုံးကို ဖွဖွလေး ဖက်လိုက်သည်။
*ဟုတ်ပါတယ်...ဒယ်ဒီ နားလည်ပါတယ်...ဒါပေမယ့် win win အခြေအနေလေး ဖြစ်အောင်တော့ လုပ်ရမှာပေါ့...သမီးကလည်း သမီးချစ်တဲ့ ရိပေါ်ကိုရ... ဒယ်ဒီကလည်း ကုမ္ပဏီကိုရ...ဒါဆို ဘယ်လောက် ကောင်းမလဲ... အဓိက တရားခံကို...
ဟန်ဖုန်းရိ က လည်ပင်းကို လက်နဲ့ ဖြတ်ပြလိုက်သည်။
*ပွဲပြီးပြီလေ သမီးရယ်...ဒါကြောင့် ရှောင်းကျန့်ကို အပြတ်ရှင်းရမယ်...သမီးက ရိပေါ်ကို လက်မလွတ်အောင် ဆွဲထား...ဒါဆို ပြီးပြီပေါ့... ဘယ်လိုလဲ...ဒယ်ဒီနဲ့ ပူးပေါင်း မလား...
YOU ARE READING
ဟင့်အင်း ခင်ဗျားကို....(U&Z) - Completed