(Unicode)
လက်ထဲက စီးကရက်ဗူးကို ရိပေါ် အကြောင်းမဲ့ ကြည့်နေမိသည်။ အရင်ကဆို ကျန့်ကောကို သူ မနိုင်တိုင်း အရက်သောက် ဆေးလိပ်သောက်ရင်း အရွဲ့တိုက်ခဲ့သည်။ ခုတော့ ဆူမယ့်သူ မရှိတော့ဘူး။
မျက်ဝန်းထဲမှာ ကျန့်ကော ပုံရိပ်တွေ ပြန်ပေါ်လာသည်။
*အား...ဘာလဲကွာ ဒီနေ့မှပဲ...
ဆံပင်တွေကြား လက်နဲ့ ထိုးဖွရင်း စိတ်ရှုပ်စွာ အော်ဟစ်ပစ်လိုက်သည်။ တဒီး ဒီး မြည်နေတဲ့ ဖုန်း vibration သံကြောင့် စားပွဲပေါ်က ဖုန်းကို သူ ကောက်ကိုင်လိုက်သည်။
ယုံရှင်း...
*အင်း...သဲ ပြောလေ...
*ဟင်...သဲက ပြောရမှာ မဟုတ်ဘူး...ကို ပြောရမှာလေ...အိမ်ကို လာမယ်ဆိုပြီး နောက်ကျနေလို့... မာမီက စိတ်ပူပြီး ဖုန်းဆက်ခိုင်းလို့ပါရှင့်...
*အာ...ဟုတ်သားပဲ...
*ဘာလဲ မေ့နေပြန်တာလား... ကိုနော်...
*တောင်းပန်ပါတယ် သဲရယ်... အလုပ် နည်းနည်းများနေလို့ပါ...ခုလာခဲ့မယ်နော်...
*အင်း... ပြီးရော...ကားကို ေဖြးဖြေးလည်း မောင်းဦး...
*ဟုတ်ပါပြီ ဗျာ...
ယုံရှင်း ဖုန်းချသွားမှ အဝတ်အစားကို အနည်းငယ် သပ်ရပ်အောင် ဆွဲဆန့်ရင်း ရုံးခန်းထဲမှ ရိပေါ် ထွက်လာခဲ့သည်။ ပိတ်ထားတဲ့ ဘေးခန်းပေါ်က နာမည်ကို အမှတ်တမဲ့ ဖတ်မိခဲ့သေးသည်။
မစ္စတာ ရှောင်းကျန့်
Managing Director
❣ ❣❣ ❣❣❣
ယိုအိုက်ခြံ
အချစ်ရှိရာလို့ အဓိပ္ပါယ်ရတဲ့ ချစ်စရာ ခြံလေး.....
ကျန်းချန်က ဟိုက်ခွမ်းကို ဝင်ခေါ်ပြီး လာခဲ့ ခြင်းဖြစ်သည်။ ခြံလေးထဲမှာတော့ ပန်းပင်များကို အစီအရီ စနစ်တကျ စိုက်ထားသည်။ ရောင်စုံ ပန်းပင်များကြားက စားပွဲလေးမှာတော့ ဖြူဖြူပိန်ပိန် ကောင်လေးတယောက် ထိုင်နေလေသည်။
*ရှောင်းကျန့်...
ရှောင်းကျန့် အသံလာရာဆီ လှည့်ကြည့်လိုက်သည်။ ဒါ ကျန်းချန် အသံမဟုတ်လား။
YOU ARE READING
ဟင့်အင်း ခင်ဗျားကို....(U&Z) - Completed