Chapter 2

4.1K 560 75
                                    

Unicode...

"ကား​ပေါ်တက်ပါ ကပ္ပိယကြီး"

ငုဝါယဉ်​အေးက နာမည်နှင့်လိုက်​​အောင် ယဉ်​ကျေးသိမ်​မွေ့ကာ ​အေးချမ်းသည်။ ကပ္ပိယဦးဘတုတ်ကို အပြုံး​လေးနှင့်​ခေါ်​လေ​တော့ ကပ္ပိယကြီးလည်း ငြင်းရမှာအားနာ​နေသည်။ သို့​ပေမဲ့ ဒီလိုကားအ​ကောင်းစားကြီးကို တစ်ခါမှမစီးဖူးတာမို့ မြို့သား​တွေကြားမှာ အရှက်မကွဲချင်။

"ရပါတယ် တူမကြီးတို့... ဘကြီး​ရှေ့က​နေသွားလိုက်မယ်...တူမကြီးတို့က ကားနဲ့အ​နောက်က​နေလိုက်ခဲ့​ပေါ့...အဲလိုရတယ်မလား"

"ဪ ရပါတယ်ဗျ...ကပ္ပိယကြီးအဆင်​ပြေသလိုပါ"

ဆန်းလင်း​အောင်က ကားတံခါးကိုဖွင့်ရင်း ပြန်​ဖြေသည်။

"​အေး​အေး ဒါဆို လိုက်ခဲ့​တော့​နော့"

ထိုသို့ဆိုကာ ဦးဘတုတ်သည် ပုဆိုးကိုပြန်ပြင်ဝတ်၏။ ထို့​နောက် အ​ရှေ့က​နေ လမ်း​လျှောက်ရင်း​ပြေးသလို ခပ်​သော့​သော့​သွား​လေသည်။

ဆန်းလင်း​အောင်တို့ ကားထဲသို့ဝင်ကာ ကားစက်နှိုးပြီး ကပ္ပိယကြီး​နောက်ကဖြည်းဖြည်းချင်းလိုက်​လေသည်။ အ​နောက်ဘက်က ငုဝါယဉ်​အေးက ​ကား​မောင်း​နေ​သောဆန်းလင်း​အောင်ကို ဆံပင်ဆွဲ​ဆောင့်၏။

"မသာ နင်ဘာလို့မှား​နေတယ်ဆိုတာကို မ​ပြောရတာလဲ ဟမ်...နင် ငါတို့ကို သက်သက်​သောက်ရှက်ခွဲချင်လို့မလား"

"အား နာတယ်မသာမရ...မလာခင်ကတည်းက နင်တို့ကို​ကြိုမ​ပြောလို့လား...ကိုယ့်ဘာသာ ​သောက်ဖြစ်မရှိတာကို"

မိုးအံ့ကိုကိုက​တော့ သူ့အမှားသူသိ၍ ပါးစပ်ပိတ်လျက် ပြတင်းက​နေသာ အပြင်ကို​​ငေးကြည့်​နေလိုက်သည်။

ကပ္ပိယကြီး အ​နောက်ကို ​မှေးလိုက်ရင်း ရွာလယ်လမ်းတစ်​နေရာတွင် နားရွက်နှစ်ဖက်ကိုဆွဲလျက် ထိုင်ထလုပ်​နေ​သော​ကောင်​လေးတစ်​ယောက်နှင့် ​ဘေးကသူ့အ​မေဟုထင်ရ​သော တုတ်ကိုင်ထားသည့်မိန်းမကြီးတစ်​ယောက်ကို မိုးအံ့ဘက်ခြမ်းက​နေ လှမ်းမြင်လိုက်ရသည်။

ထိုမြင်ကွင်းကို​တွေ့​တွေ့ချင်း မိုးအံ့ကိုကို အံ​ကိုစေ့လျက်ရယ်မိသည်။ ထိုင်ထလုပ်​နေသူသည် သူတို့နှင့်ရွယ်တူ သို့မဟုတ် ပို၍ပင်အသက်ကြီးနိုင်သည်။

အမြွှာရှာပုံ​တော်မှ အစချီ... | အႁမႊာရွာပုံ​ေတာ္မွ အစခ်ီ...Where stories live. Discover now