Unicode...
ဘုံတလုတ်ရွာတွင် အခြေတကျရှိလာသောမိုးအံ့ကိုကိုမှာ တစ်နေ့တစ်ခြားရွာသားတစ်ယောက်နှင့် ဆင်တူလာခဲ့သည်။ ရွာထဲကလူများလည်း မိုးအံ့ဆိုတာနဲ့ ယုံကြည်စိတ်ချအားကိုးလို့ရသည့် ကာလသားတစ်ယောက်ဟုပင် သတ်မှတ်ထားထားကြလေပြီ။
ထိုယုံကြည်မှုများက ရွာသားများအပေါ်အတိတ်ကကျူးလွန်မိသောပြစ်မှုများကို ဖုံးကွယ်လွှမ်းမိုးနိုင်သည်အထိပင်။ ကိုယ်ပိုင်စီးပွားရေးသာမက နောက်ထပ်အလုပ်တစ်ခုလည်း ထပ်ဆောင်းရရှိခဲ့သေးသည်။ ကျောက်ပန်းတောင်းရှိ ဖောက်သည်ဆိုင်များကို ထန်းလျက်မျိုးစုံပို့ရသောအလုပ်။
ဒေါ်ဒေါ်တို့ထန်းလျက်ဖိုက အပတ်စဉ်အဖိတ်နေ့နှင့်ဥပုသ်နေ့များတွင် ယူနေကျအသည်များဆီပို့လေ့ရှိသဖြင့် ထိုအလုပ်ကိုကိုယ်ပိုင်ဆိုင်ကယ်လေးရှိသော မိုးအံ့ကအလွယ်တကူရရှိခဲ့လေသည်။
ယခင်က ပိုင်ရှင်ကိုယ်တိုင်ကြုံရာကားစီးပြီး သွားပို့ရသဖြင့် အခက်အခဲများစွာရှိတာကြောင့် မိုးအံ့ကိုအကူအညီတောင်းရာမှ အလိုက်သင့်သွားခြင်းဖြစ်သည်။ မိုးအံ့လည်းနေ့တိုင်းဈေးသွားတာမို့ အမြဲလမ်းကြုံသည်။
ဒီနေ့ ဈေးကိုမိုးမလင်းခင်ကတည်းကရောက်နေသည်။ ဥပုသ်နေ့ဖြစ်သဖြင့် ဈေးရောက်ရောက်ချင်း ထန်းလျက်ဖောက်သည်များဆီသွားပေးပြီး ဈေးထွက်ဖို့အတွက် ဝယ်စရာရှိတာများ ဝယ်ခြမ်းသည်။
ထို့နောက် Fengနှင့်တွေ့ဖို့ချိန်းထားတာကြောင့် ကြံရည်ဆိုင်သို့ ဦးတည်လိုက်၏။ Fengနှင့်မတွေ့ရတာ နှစ်လကျော်ပြီဖြစ်သည်။ နောက်ဆုံးအကြိမ်တွေ့ပြီးကတည်းက Fengကပျောက်ခြင်းမလှပျောက်သွားပြီး အဆက်အသွယ်ပင်မလုပ်။
မှိုင်းညို့နဲ့တော့ အဆက်အသွယ်ရှိကြသည်။ စကားအသွားအလာများအရ သူတို့နှစ်ယောက်ဆက်ဆံရေးက အဆင်ပြတာထက်ပိုကဲနေမှန်း သိသာသည်။ ထို့ကြောင့် အဆက်အသွယ်မရှိသော်လည်း Fengအပေါ်ယုံကြည်စိတ်ချပြီး စောင့်စားခဲ့သည်။
YOU ARE READING
အမြွှာရှာပုံတော်မှ အစချီ... | အႁမႊာရွာပုံေတာ္မွ အစခ်ီ...
General Fictionဘုံတလုတ်ရွာလေးက အလိမ်အညာဇာတ်လမ်းလေးတစ်ပုဒ်ဟာ လေးနက်တဲ့ချစ်ခြင်းတရားတစ်ခုအဖြစ် အသွင်ပြောင်းသွားတဲ့အခါ... ဘုံတလုတ်ရွာလေးက အလိမ်အညာဇာတ်လမ်းလေးတစ်ပုဒ်ဟာ လေးနက်တဲ့ချစ်ခြင်းတရားတစ်ခုအဖြစ် အသွင်ပြောင်းသွားတဲ့အခါ... First Chapter Published : Jul...