Chapter 12

1.4K 235 26
                                    

Unicode...

တစ်ညလုံးမအိပ်ဘဲ စဉ်းစားပြီး​နောက် မိုးအံ့ကိုကို ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင်ချလိုက်သည်။ ထိုဆုံးဖြတ်ချက်ကို အ​ကောင်အထည်​ဖော်ဖို့ ကိုကိုသာမိုး​နေအိမ်ကို ဦးတည်ခဲ့၏။

​နေမြင့်​နေပြီမို့ ကိုကိုသာမိုးအ​မေ ထန်းလျက်ဖိုတွင် ရှိ​နေလိမ့်မည်။ ထို့​ကြောင့် အိမ်မှာကိုကိုသာမိုးတစ်​​ယောက်သာ ကျန်ခဲ့မည်။ ဒီအချိန်ကိုပဲ​ရွေးပြီး အ​ရောက်လာခဲ့ခြင်းဖြစ်၏။

"ကိုကိုသာမိုး"

အိမ်​ရှေ့​ရောက်​သော် ထုံးစံအတိုင်း​အော်​ခေါ်လိုက်​တော့ ခဏတွင်းချင်း ကိုကိုသာမိုးထွက်လာခဲ့သည်။

"ကိုကိုသာမိုး အခုအားလား"

မိုးအံ့ မျက်နှာထားကိုတည်တံ့​အောင်ထားလျက် ကွပ်ပျစ်တွင်ဝင်ထိုင်၏။ သာမိုးဈာန် အိမ်​အောက်ထပ်ကိုဆင်းလာကာ မြို့ကြီးသား​ဘေးတွင် ​နေရာယူလိုက်သည်။

"အားပါတယ်...မြို့ကြီးသား အ​ဖြေလာ​တောင်းတာလား"

တည့်တိုး​မေးလာ​တော့လည်း မိုးအံ့ကိုကို မတုံ့မဆိုင်း​​ခေါင်းကို တဆတ်ဆတ်ညိတ်ပြလိုက်သည်။

"ကိုကိုသာမိုး ​ဖြေနိုင်ပြီလား မသိ​ပေမဲ့ ကိုကိုသာမိုးမှာ ​ရွေးချယ်စရာနှစ်ခုရှိတယ်...တစ်ခုက ကျွန်​တော့်ကိုချစ်တယ်လို့ ​ပြောတာရယ်၊ ​နောက်တစ်ခုက ငါအ​ဖြေမ​ပေးချင်ဘူး မင်းဘာသာ ဇွတ်အတင်းသိမ်းပိုက်လိုက်​တော့လို့ ​ပြောတာရယ်...ကဲ ဘယ်တစ်ခုကို​ရွေးချင်လဲဗျ"

မိုးအံ့ကိုကို ခပ်တည်တည်နှင့်ပင် ကိုကိုသာမိုးကိုကြည့်ပြီး တရစပ်​ပြောသွားသည်။ သာမိုးဈာန်မှာ​​တော့ သူ့ရဲ့ထုံးစံအတိုင်း အူ​ကြောင်​ကြောင်က​လေး ​ငေးကြည့်​နေ၏။

"မြို့ကြီးသားဟာက ဘယ်လိုကြီးလဲ...အဲလိုမှ​တော့ ဘာလို့ကျုပ်ကိုစဉ်းစားခိုင်း​နေလဲဗျ...တစ်ခါတည်း ​ရွေးစရာနှစ်ခုကို​ပြောလိုက်​ရော​ပေါ့"

မိုးအံ့လည်း ချစ်ရသူကြီး၏ အူနိုင်ပုံကိုသိ​နေတာမို့ ​ခေါင်းတရမ်းရမ်း...။

အမြွှာရှာပုံ​တော်မှ အစချီ... | အႁမႊာရွာပုံ​ေတာ္မွ အစခ်ီ...Where stories live. Discover now