Unicode...
"မိုးအံ့ ဟင်းတွေချက်နေတာလား...ဈေးထွက်ဖို့မပြင်သေးဘူးလား"
"ဘာလို့ထွက်ရမှာလဲ ကိုကိုသာမိုးရဲ့...ဒီနေ့ ကိုကိုသာမိုးနဲ့လက်ထပ်ရမှာကို"
မိုးအံ့က ကြည်လင်ရွှန်းပသောမျက်ဝန်းအစုံဖြင့် သာမိုးဈာန်ကိုကြည့်နေသည်။ သာမိုးဈာန်မှာ မိုးအံ့စကားကြောင့် အနည်းငယ်တွေဝေသွားသလို။
မိုးအံ့လည်း ကြက်သားဟင်ချက်နေရင်းမှ ကိုကိုသာမိုးကိုဆက်ပြောလေသည်။
"မအံ့ဩပါနဲ့...ကြီးကြီးကျယ်ကျယ်မဟုတ်ပါဘူး...ကျွန်တော် လက်ထပ်စာချုပ်ပြင်ထားတယ်...တကယ်တော့ လက်ထပ်စာချုပ်ဆိုတာထက် ကတိကဝတ်ပြုတဲ့သဘောပါ...အရင်ဆုံးရွာဦးကျောင်းမှာ ဆွမ်းကပ်မယ်...ပြန်လာရင် လက်မှတ်ထိုးမယ်...ပြီးရင်ကိုကိုသာမိုးနဲ့နှစ်ယောက်တည်း ရွှေစည်းခုံသွားမယ်...ပြန်လာရင် ဒေါ်ဒေါ့်ကို ကန်တော့မယ်...ပြီးရင် ကိုကိုသာမိုးနဲ့..."
မိုးအံ့ကသံရှည်ဆွဲပြီးနောက် စကားကိုရပ်တန့်လိုက်သည်။ သာမိုးဈာန် ငြိမ်သက်စွာနားထောင်နေရင်းမှ နောက်ဆုံးနားတွင် ကြက်သီးများထလာပြီး ခန္ဓာကိုယ်တုန်သွားသည်။
"မိုးအံ့ ဘာတွေလျှောက်ပြောမှန်းမသိပါဘူး...ဒါဆိုလည်း ကျုပ်ကူလုပ်မယ်...စကားမများဘဲ မြန်မြန်ပြီးအောင်ချက်တော့"
မိုးအံ့က သဘောကျစွာရယ်လျက် ဒယ်အိုးကိုဆက်မွှေနေလိုက်သည်။
ထမင်း၊ဟင်းချက်ပြုတ်ပြီးသော် လည်ကတုံးကိုယ်စီ၊ ယောပုဆိုးကိုယ်စီနှင့် ဆွမ်းချိုင့်ဆွဲလျက် ရွာဦးကျောင်းဆီသို့ ဦးတည်ခဲ့ကြသည်။
ရွာဦးကျောင်းတွင် နှစ်ယောက်အတူတူ ဘဘုန်းအား ဦးချပြီးနောက် ဘဘုန်းကမေးမြန်းလေသည်။
"ဟောဒီက ရန်ကုန်သားနဲ့ သာမိုးဈာန်တို့က အတူတူဆွမ်းကပ်တယ်ဆိုတော့ ဘာအထိမ်းအမှတ်များရှိလို့လဲကွဲ့"
မိုးအံ့ကိုကိုနှင့်သာမိုးဈာန်တို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ပြုံးပြကြသည်။ ထို့နောက်မိုးအံ့က ဘဘုန်းဘက်သို့လှည့်ကာ...
YOU ARE READING
အမြွှာရှာပုံတော်မှ အစချီ... | အႁမႊာရွာပုံေတာ္မွ အစခ်ီ...
General Fictionဘုံတလုတ်ရွာလေးက အလိမ်အညာဇာတ်လမ်းလေးတစ်ပုဒ်ဟာ လေးနက်တဲ့ချစ်ခြင်းတရားတစ်ခုအဖြစ် အသွင်ပြောင်းသွားတဲ့အခါ... ဘုံတလုတ်ရွာလေးက အလိမ်အညာဇာတ်လမ်းလေးတစ်ပုဒ်ဟာ လေးနက်တဲ့ချစ်ခြင်းတရားတစ်ခုအဖြစ် အသွင်ပြောင်းသွားတဲ့အခါ... First Chapter Published : Jul...