Chapter 10

1.8K 278 46
                                    

Unicode...

ညီမဖြစ်သူကို ​​​ပေးစရာရှိလို့ခေါ်လိုက်ပါတယ်...။ ဒင်းက​နောက်ရက်မှလာခဲ့မယ်တဲ့...။ ကိုယ့်အစ်မကို ဘယ်လိုသ​ဘောထားလိုက်သလဲ​လေ။ ကြားလို့​ကောင်းပါ​​သေးရဲ့လား။ အဲလို​ဒေါသထွက်ပြန်ရင်လည်း ကုသိုလ်​ရေးလုပ်​နေတဲ့လူကို ​ခေါ်ခိုင်းတဲ့လူကပဲ ငရဲရပါတယ်...။

​ဒေါ်မြတစ်​ယောက် မိုးအံ့ကိုကို​ပြောသမျှကို ပြန်​တွေးရင်း တနုံ့နုံ့ဖြစ်​နေရှာသည်။ သူ့ညီမ ငုတုဆိုတာ သူတစ်ခွန်းဆိုရင် တစ်ခွန်းပြီးတတ်သည့်လူစားမျိုး။ ပြီး​တော့ အခု​ခေါ်လိုက်တာကလည်း အိမ်ကဟင်း​ကောင်းချက်လို့ ဒင်းကို​ပေးဖို့။

ဒင်း​ပြောသလို ​နောက်ရက်အိမ်လာမှပဲ ဒီကိစ္စကိုရှင်းရမည်။

"​ဒေါ်​ဒေါ်မြ...​ဒေါ်​ဒေါ်မြ!"

သူ့အ​တွေးနှင့်သူ ​ဒေါသဖြစ်​နေတာမို့ ​ဒေါ်မြ သူ့နာမည်​ခေါ်​နေတာကို သတိမထားမိ။ မိုးအံ့ကိုကိုက ​လေသံကိုမြှင့်လိုက်​တော့မှ လက်ရှိအ​ခြေအ​နေဆီပြန်​ရောက်​တော့သည်။

"ဪ...ဘာလဲ သား​လေး"

"အာ ဒီရွာနဲ့အနီးဆုံးရွာက ဘယ်ဘက်က​နေသွားရတာလဲ​မေးမလို့ပါ"

"ဒီရွာနဲ့အနီးဆုံးဆို သ​ပြေအုတ်ရွာပဲကွဲ့... ရွာ့​တောင်ပိုင်းက​နေထွက်ရတယ်"

"ဟုတ်ကဲ့ ​ကျေးဇူးပါဗျ"

"ဘာလို့လဲ သား​လေးရဲ့အမြွှာအစ်ကိုကိုရှာဖို့များလား"

"ဟုတ်တယ်ဗျ...ဒီရွာမှာ မရှိတာလည်း​သေချာသ​လောက်ရှိ​နေပြီး​တော့ သူကြီးတို့လည်းမအားဘူး​လေ...အဲ​တော့ ကျွန်​တော် အဲဘက်ရွာသွားရှာရင်​ကောင်းမလားလို့ပါ"

"​အေးကွယ်...အားနာစရာ​တွေပါ...သားတို့ကိစ္စကို ရွာကလူ​တွေဂရုမစိုက်နိုင်ဖြစ်​နေရတာ...ဒီလိုလုပ်ကွဲ့...မနက်ဖြန်ကျရင် ဝင်းခိုင်ကိုလိုက်ပို့ခိုင်းလိုက်မယ်"

မိုးအံ့ကိုကိုက ချက်ချင်းငြင်းဆန်သည်။

"အာ မဟုတ်တာရပါတယ် ​ဒေါ်​ဒေါ်မြရဲ့...ကျွန်​တော်တို့ဘာသာသွားလိုက်ပါ့မယ်...အ​တွေ့အကြုံသစ်လိုချင်လို့ပါ...ကို​နောင်ဝင်းခိုင်လည်း သူ့အလုပ်သူရှိမှာ​ပေါ့"

အမြွှာရှာပုံ​တော်မှ အစချီ... | အႁမႊာရွာပုံ​ေတာ္မွ အစခ်ီ...Where stories live. Discover now