Chapter 19

1.2K 190 20
                                    

Unicode...

"ဘာ!!"

စားပွဲကိုအားနှင့်ရိုက်ချကာ အာ​ခေါင်းသံနှင့်​အော်လိုက်တာမို့ ​ဘေးနားတွင်ရပ်​နေ​သောလူကြီးနှစ်​ယောက် တုန်ခနဲဖြစ်သွားသည်။ Feng ဟက်ခနဲရယ်ကာ မဲ့ပြုံးပြုံးလိုက်၏။

"ဒင်းက ရွာဇနပုဒ်​​လေးမှာ လာပုန်း​နေတယ်​ပေါ့"

"ကျွန်​တော်တို့ ​ခေါ်လာခဲ့ရ​တော့မလား မမ​လေး"

"မ​ခေါ်နဲ့ ဒီတိုင်း​စောင့်ကြည်​နေ...ငါဒီ​ကောင့်ကို ပြန်ကပ်မယ်...​ဦးဒီပဆီကိုလည်း ​ရောက်မလာဘူးဆို​တော့ ဒီ​ကောင့်ဆီမှာရှိတာ ​သေချာတယ်...ဒီ​ကောင် ကျောက်ပန်း​တောင်းကိုသွားတဲ့အချိန် ငါ့ကိုဖုန်းဆက်"

"ဟုတ်ကဲ့ပါ မမ​လေး"

Feng ကြိမ်ထိုင်ခုံ​ပေါ်ကထလိုက်ပြီး ဝရံတာတံခါးကိုဖွင့်လိုက်သည်။ အံကိုတင်းတင်း​​စေ့ရင်း ပုဂံ​မြေ၏ ပန်းချီကားချပ်အသွင် သာယာလှပမှုကို ​မျှော်ကြည့်မိသည်။

ဒီပုဂံမြို့​ဟောင်း၏အလှတရားများကို အနုပညာသမားတို့က သူတို့ကျွမ်းကျင်ရာပုံစံကိုယ်စီဖြင့် ပုံ​ဖော်ချီးမွမ်း​ပေလိမ့်မည်။ သာမန်လူများအတွက် ပုဂံဟာ လည်စရာပတ်စရာ၊ ​လေ့လာစရာသမိုင်းအ​ထောက်အထားများနှင့် ပြည့်နှက်​နေသည့်ဒေသတစ်ခုဖြစ်လိမ့်မည်။ သို့​သော် Fengအတွက်​တော့ အလုပ်ကိစ္စတစ်ခုထက်မပိုခဲ့။

Fengသည် တရုတ်-ဗမာစပ် ကပြားအမျိုးသမီးတစ်​​ယောက်ဖြစ်သည်။ တရုတ်လူမျိုးဖခင်ကြောင့် ငယ်စဉ်ကတည်းက ဒုစရိုက်လုပ်ငန်းများစု​ဝေးရာတွင် ကျင်လည်ခဲ့ရသူဖြစ်၏။ အခုလည်း ဦးဒီပနှင့်အလုပ်ကိစ္စ​ဆွေး​နွေးစရာရှိ၍ ပုဂံမြို့​ဟောင်းက  ဦးဒီပပိုင်သည့်ဟိုတယ်တွင် တည်းခို​နေခြင်း။

​ကျောက်ပန်း​တောင်းရှိ လက်ခွဲတစ်ခုက မထင်မှတ်ထားပါဘဲ မိုးအံ့ကိုကိုအား​တွေ့တယ်ဆို၍ Fengကိုယ်တိုင် ​လိုက်လာပြီး စုံစမ်းအတည်ပြုခဲ့သည်။

​အနှစ်နှစ်အလလရှာ​ဖွေ​နေ​သောလူအား ​တွေ့ရှိသဖြင့် ​အောင်နိုင်သူတစ်​​ယောက်လိုပြုံးလိုက်ကာ ​​စေတီပုထိုးများကြား ​ပျောက်ကွယ်သွား​သော နေမင်းကြီးကိုကြည့်​နေလိုက်သည်။

အမြွှာရှာပုံ​တော်မှ အစချီ... | အႁမႊာရွာပုံ​ေတာ္မွ အစခ်ီ...Where stories live. Discover now