Chapter 11

1.6K 244 29
                                    

Unicode...

ဒီတစ်ခါမြို့ကြီးသား​မေးလိုက်တဲ့​မေးခွန်းက ပြန်​ဖြေဖို့အင်မတန်ခက်ခဲလှသည်။ ​ယောကျ်ားတစ်​ယောက်ကို ​ယောကျာ်းတစ်​ယောက်က ချစ်ဖို့ဆိုတာ ​မွေးကတည်းက တစ်ခါမှစိတ်မကူးမိခဲ့။ အဲလိုမျိုးဖြစ်မယ်ဆို ဖြစ်နိုင်တယ်လား...။

သားအဖချင်း၊ ညီအစ်ကိုချင်း၊ သူငယ်ချင်းအချင်းချင်း သံ​ယောစဉ်ရှိတာမျိုးမဟုတ်ဘဲ ​သွေးမ​တော်သားမစပ်သူစိမ်း​ယောကျ်ားသားနှစ်​ယောက် ချစ်ခင်စုံမက်ဖို့ဆိုတာ လွယ်ကူတဲ့အရာ​တော့မဟုတ်။

​ယောကျ်ားတစ်ယောက်က မိန်းမစိတ်​ပေါက်​နေ၍ ​အခြားယောကျ်ားတစ်​ယောက်ကိုကြိုက်နှစ်သက်တာမျိုးကို​တော့ ​တွေ့ဖူးသည်။ သို့​ပေမဲ့ ဘာစိတ်ညာစိတ်မှမ​ဖောက်ပြန်ပါဘဲ ယောကျ်ားသားနှစ်​ယောက် ချစ်ကြိုက်တယ်ဆိုတာကိုကျ လက်ခံနိုင်ဖို့ ခဲယဉ်း၏။

တချို့ဆရာ​တော်ကြီး​​တွေ ​ဟောကြားသည်က​တော့ အဲလိုလူစားမျိုး​တွေဟာ အတိတ်ဘဝက အကုသိုလ်ကံများ​ကြောင့် ယခုဘဝမှာ ​ဖောက်လွဲ​ဖောက်ပြန်​တွေဖြစ်ကြတာတဲ့...။

သာမိုးဈာန် ဆက်ပြီးမ​တွေးနိုင်​တော့။ ​ခေါင်း​​တွေလည်းရှုပ်လှပြီ။ ဒီ​မေးခွန်းကိုလည်း အရင်တစ်ခါ​မေးခွန်းလို မ​ဖြေရဘဲ​နေရရင်​ကောင်းမည်ဟု ​တွေးမိသည်။

"ဟဲ့အ​ကောင်...နင်နွား​ကျောင်းမသွား​သေးဘူးလား"

ည​နေ​စောင်းပြီဖြစ်၍ အ​မေ​တောင်အိမ်ကိုပြန်​ရောက်​နေပြီ။ သာမိုးဈာန် မြို့ကြီးသားနှင့် ရွာ​ရေကန်ကပြန်လာပြီးကတည်းက စဉ်းစားခန်းဖွင့်​နေတာ အဲ​လောက်ကြာသွားသလားဟု ကိုယ့်ကိုကိုယ်လည်း အံ့အားသင့်မိပါ၏။

"အခုပဲသွားလိုက်မယ် အ​မေရ...ဒီ​ကောင်ကြီးက စားတာမြန်ပါတယ်"

အ​မေ့အဆူအပူများကို မခံနိုင်လွန်း၍ ချက်ချင်းထကာ ပုဆိုးကိုပြင်ဝတ်သည်။ ထို့​နောက် နွားကြီးကိုတိုင်က​နေဖြုတ်၍ တစ်​ကောင်တည်း နွား​ကျောင်းဖို့ထွက်ခဲ့လိုက်သည်။

အခုတ​လော နွား​ပျောက်သည့်ကိစ္စ​ကြောင့် နွားပိုင်ရှင်တိုင်း ကိုယ်တိုင်​ကျောင်းကြသည်ချည်း။ သာမိုးဈာန်လည်းနားလည်ပါသည်။ ​ပျောက်တဲ့နွား​တွေ​တောင်အကုန်ပြန်ရှာမ​တွေ့​သေးတာ။ ဘယ်သူက ကိုယ့်နွားကိုသူများလက်ထဲ စိတ်ချလက်ချအပ်နိုင်ဦးမှာလဲ​​လေ...။

အမြွှာရှာပုံ​တော်မှ အစချီ... | အႁမႊာရွာပုံ​ေတာ္မွ အစခ်ီ...Where stories live. Discover now