Unicode...
"ဒါလေးကိုမှတ်ထားပေးနော် သားလေး... နောက်မှပေးမယ်သိလား...ဟင်းဟင်း"
"အာ ရပါတယ်ဗျ...မှတ်ထားပေးမယ်နော်"
မိုးအံ့ကတော့ အကြွေးသမားတွေကို ချိုချိုသာသာဆက်ဆံပြီး လိုက်လိုက်လျောလျောပေးလိုက်ပေမဲ့ မိန့်မိန့်ကြီးထိုင်နေတဲ့သာမိုးဈာန်ကတော့ ရှုံ့မဲ့လို့နေသည်။ အကြွေးစာအုပ်ကိုရင်ဝယ်ပိုက်လျက် ဆိုင်ရှေ့ကအကြွေးယူမဲ့အသံကိုနားစွင့်ခြင်းက သာမိုးဈာန်ရဲ့အလုပ်လိုဖြစ်လာ၏။
အခုလည်း ဝယ်သွားတဲ့အမျိုးအမည်နဲ့လူကို သေချာလိုက်ကြည့်ပြီး စာအုပ်ထဲတွင်ချရေးလိုက်သည်။ အစကမှ အမြတ်မထွက်သေးလို့စိတ်ဓါတ်ကျနေရတဲ့အထဲ တစ်နေ့တစ်နေ့တိုးလာတာက ရောင်းရတဲ့အရေအတွက်မဟုတ်ဘဲ အကြွေးယူတဲ့လူများဖြစ်နေ၏။
မိုးအံ့ဆိုင်ရှေ့တွင်လူရှင်း၍ အနောက်ဘက်လာပြီးအမောဖြေတုန်း အကြွေးစာအုပ်ကြီးကိုတွေ့သဖြင့် ပြုံးလိုက်သေးသည်။ ကိုကိုသာမိုးပုံစံက အကြွေးရှင်မိန်းမကြီးများလို အိမ်ပေါက်စေ့လှည့်တောင်းပြီး အကြွေးမရရင် အောကြောလန်အော်မည့်ပုံ။ ဒါပေမဲ့ ကိုကိုသာမိုးက ချစ်ဖို့ကောင်းသည်။
"ကိုကိုသာမိုးရာ...အဲစာအုပ်ကြီးတော့ပိုက်မထားပါနဲ့... သူများတွေမြင်ရင် တစ်မျိုးထင်ကုန်ဦးမယ်"
"ဪ ထင်ပါစေ...အကြွေးရှိရက်တော့ မှတ်ရမှာပဲ"
ဘောက်ဆက်ဆက်ကလေးပြန်ပြောတော့ အူမယားဘဲမနေနိုင်သူက မိုးအံ့ကိုကို။ ထို့ကြောင့် ကိုကိုသာမိုးပါးကို ဆွဲဖဲ့ပစ်လိုက်သည်။ ဒါလည်းအမောပြေခြင်းတစ်မျိုး။
"မိုးအံ့...ဈေးဝယ်လာနေတယ်...ဒီရွာကမဟုတ်သလိုပဲ"
ကိုကိုသာမိုးက ရှေ့ကိုသာမျှော်ကြည့်ရင်း သူ့ကိုသတိပေးတော့ မိုးအံ့ကိုကိုလည်း လိုက်ကြည့်မိသည်။ ထို့နောက် ချက်ချင်းမျက်နှာပျက်သွား၏။ ကိုကိုသာမိုးမရိပ်မိခင် ဒီတရုတ်တွေကို မြန်မြန်ရှင်းမှဖြစ်မည်။
YOU ARE READING
အမြွှာရှာပုံတော်မှ အစချီ... | အႁမႊာရွာပုံေတာ္မွ အစခ်ီ...
General Fictionဘုံတလုတ်ရွာလေးက အလိမ်အညာဇာတ်လမ်းလေးတစ်ပုဒ်ဟာ လေးနက်တဲ့ချစ်ခြင်းတရားတစ်ခုအဖြစ် အသွင်ပြောင်းသွားတဲ့အခါ... ဘုံတလုတ်ရွာလေးက အလိမ်အညာဇာတ်လမ်းလေးတစ်ပုဒ်ဟာ လေးနက်တဲ့ချစ်ခြင်းတရားတစ်ခုအဖြစ် အသွင်ပြောင်းသွားတဲ့အခါ... First Chapter Published : Jul...