Chapter 3

3.5K 481 36
                                    

Unicode...

မနက်စာစား​နေချိန် ဦးတိုးခိုင်မှာ မိုးအံ့ကိုကို ကိုကြည့်ပြီး အခဲမ​ကြေ။ သို့​သော် ပါးစပ်ကလည်း​ပြောမထွက်။ ​ဒေါ်မြ၊ သင်းမာခိုင်နှင့် ​နောင်ဝင်းခိုင်တို့က​တော့ ဧည့်သည်များကို ဧည့်ဝတ်​​ကျေ​လေသည်။

မနက်စာစားပြီးချိန်တွင် ​ဒေါ်မြ​ပြောပြသည့်အတိုင်း ရွာအ​နောက်ပိုင်းတွင် ခြုံနွယ်ရှင်းဖို့ ​နောင်ဝင်းခိုင်နှင့်အတူ ​​​ယောကျ်ား​လေးနှစ်​​ယောက်ပါသွားကြသည်။ ငုဝါယဉ်​အေးက​တော့ သင်းမာတို့နှင့်မုန့်လုပ်ဖို့ ကျန်ခဲ့၏။

​ပုဆိုးတိုတိုဝတ်ကာ ပေါက်တူးတစ်လက်ထမ်းလျက် အ​ရှေ့က​လျှောက်သွား​သော​နောင်ဝင်းခိုင်က ​နောက်သို့လှည့်ကာ ​​ခြေလှမ်း​နှေး​သောမြို့ကြီးသားများကို ​ခေါင်းတရမ်းရမ်းလုပ်သည်။

မိုးအံ့ကိုကိုနှင့် ဆန်းလင်း​အောင်က​တော့ ရွာလမ်းတစ်​လျှောက် ဟိုကြည့်ဒီကြည့်။ ​နောင်ဝင်းခိုင်က သူတို့ကြည့်သည့်​နေရာ​တွေ လိုက်ကြည့်ကာ...

"ဪ အဲဒါနှစ်အစိတ်ရှိပြီဖြစ်တဲ့ ​ညောင်ပင်ကြီး​လေ...ကျုပ်တို့ရွာအတွက်​တော့ ​ညောင်ပင်ကြီးက အို​အေစစ်ဗျ...​နွေလည်းလုံ မိုးလည်းလုံ ​ဆောင်းလည်းလုံ"

​ဆန်းလင်း​အောင်မှာ​ ခေါင်းတညိတ်ညိတ်။ မိုးအံ့ကိုကိုက​တော့ မ​နေ့ညကကြည့်မရသည့်အရှိန်က​လေး အနည်းငယ်ကျန်​နေ​သေးတာမို့ ​သူ့ကိုသိပ်အဖက်မလုပ်ဖြစ်။

သည်လိုနှင့် ခရီးနှင်ခဲ့ရာက ရွာအ​နောက်ဘက် ​တောကြီးသဖွယ်ဖြစ်​နေ​သော ​နေရာသို့​ရောက်လာခဲ့သည်။ ​နောင်ဝင်းခိုင်​ပြောကြားချက်အရ ခြုံပင်​တွေရှင်းပြီးသွားရင် ထို​နေရာ​လေးက ​လေတဖြူးဖြူးနှင့် ထန်း​​ရည်​သောက်ဖို့အတွက် ​အေးချမ်းသည့်​နေရာ​လေးရယ်လို့ သိရသည်။

ဘာပဲဖြစ်ဖြစ် ကိုယ်တိုင်ဝင်မလုပ်ရ​တော့လည်း ဟိုစပ်စု ဒီစပ်စုနှင့်သာရှိသည်။ ​နောင်ဝင်းခိုင်က​တော့ ​ရောက်​​ရောက်ချင်း စကားတ​ပြော​​ပြောနှင့် ခြုံပင်​တွေဘက်ဝင်​ရောက်သွားသည်။

အမြွှာရှာပုံ​တော်မှ အစချီ... | အႁမႊာရွာပုံ​ေတာ္မွ အစခ်ီ...Where stories live. Discover now