Unicode...
နွားကျောင်းအပြီးတွင် မိုးကိုဆွဲပြီး စိတ်မပါတပါနှင့်အိမ်ကိုပြန်ခဲ့သည်။ အိမ်သို့ပြန်ရောက်သော် မထင်မှတ်ဘဲ မြို့ကြီးသားကိုတွေ့လိုက်ရ၍ အနည်းငယ်တော့ ဝမ်းသာမိ၏။
မြို့ကြီးသားကလည်း သူ့ကိုတွေ့တော့ ပြုံးပြပါသည်။
"ကိုကိုသာမိုး နွားကျောင်းပြန်လာတာလား...ကျွန်တော် ကိုကိုသာမိုးကိုပြောစရာရှိလို့ ခဏလောက်လိုက်ခဲ့ပေးပါလား"
သာမိုးဈာန် နွားကြီးကိုတိုင်တွင်ချည်ရင်း ခေါင်းညိတ်လိုက်သည်။ သူလည်းပဲ မြို့ကြီးသားကို ပြောစရာ ရှိသည်လေ။ သူ့ခံစားချက်တစ်စွန်းတစ်စပေါ့။
"အမေ...သား ရွာထဲခဏသွားလိုက်ဦးမယ်"
အိမ်အပေါ်ထပ်က အမေကြားအောင်အော်ခဲ့ပြီး ပုဆိုးကိုပြင်ဝတ်ကာ မြို့ကြီးသားကိုသွားဖို့ မေးငေါ့ပြသည်။ မြို့ကြီးသားက သူ့လက်ကိုဆုပ်ကိုင်လာတော့ ချက်ချင်းငြင်းဆန်မိ၏။ သူများတွေမြင်လို့မကောင်းပါဘူးလေ။
မြို့ကြီးသားလည်း နားလည်ပါသည်။ နောက်တစ်ခါထပ်မကိုင်တော့ဘဲ သူ့ဘေးကနေသာ ခြေလှမ်းစိပ်စိပ်ဖြင့်လျှောက်သည်။
"ဘယ်ကိုသွားမှာလဲ မြို့ကြီးသား"
"ဟိုတစ်ခါ ကိုကိုသာမိုး ကျွန်တော့်ကိုခေါ်သွားတဲ့ထန်းတောဘက်လေ"
"မိုးချုပ်နေပြီနော်...ဒီအချိန်ဆို အဲဘက်ခြင်တွေပေါတယ်"
"ဒါဖြင့် ကိုကိုသာမိုး ဘယ်ကိုသွားချင်လဲ...လူခြေတိတ်ဆိတ်ပြီး နှစ်ယောက်တည်းရှိလို့ရမဲ့နေရာဖြစ်ရင်ပြီးရောဗျာ"
သာမိုးဈာန် အနည်းငယ်စဉ်းစားပြီးနောက် နေရာတစ်ခုမျက်လုံးထဲပေါ်လာသည်။ အခြားတော့မဟုတ်။ ရွာထိပ်ကရေကန်ကြီး...။
"ရွာရေကန်ဘေးသွားရအောင် မြို့ကြီးသား...ခုချိန်ဆို ရေချိုးတဲ့သူတွေမရှိတော့ဘူး"
"အိုခေလေ သွားကြတာပေါ့"
သို့နှင့် ခြေလှမ်းတို့ရဲ့ ဦးတည်ရာကို ဘက်ပြောင်းရတော့သည်။ ထန်းတောနှင့်ရေကန်က အရှေ့နဲ့အနောက်ကိုး။
YOU ARE READING
အမြွှာရှာပုံတော်မှ အစချီ... | အႁမႊာရွာပုံေတာ္မွ အစခ်ီ...
General Fictionဘုံတလုတ်ရွာလေးက အလိမ်အညာဇာတ်လမ်းလေးတစ်ပုဒ်ဟာ လေးနက်တဲ့ချစ်ခြင်းတရားတစ်ခုအဖြစ် အသွင်ပြောင်းသွားတဲ့အခါ... ဘုံတလုတ်ရွာလေးက အလိမ်အညာဇာတ်လမ်းလေးတစ်ပုဒ်ဟာ လေးနက်တဲ့ချစ်ခြင်းတရားတစ်ခုအဖြစ် အသွင်ပြောင်းသွားတဲ့အခါ... First Chapter Published : Jul...