Chapter 17

1.2K 217 36
                                    

Unicode...

အိမ်သို့ပြန်​​ရောက်​သော် ဝယ်ခြမ်းလာ​သော အသားများနှင့် အသီးအရွက်များကို သက်သက်စီခွဲပြီး ​ရေ​သေချာ​ဆေးသည်။ မိုးအံ့ကိုကို အသားများကို​ရေ​ဆေး​နေရင်းမှ သတိသည်။ ဒီမှာ​ရေခဲ​သေတ္တာမရှိဘူးပဲ။ ဆို​တော့ ​နေ့တိုင်း​ဈေးသွားရမည်။ ​​​နေ့တိုင်းသွားဖို့ဆို သူများဆိုင်ကယ်ကို​​နေ့တိုင်းငှား၍​တော့မဖြစ်။ အစတည်းက ပိုင်ရှင်ကလည်း လက်တွန့်တတ်​တော့ မိုးအံ့သက်ပြင်းသာချလိုက်သည်။

သာမိုးဈာန်လည်း ဟင်းသီးဟင်းရွက်များကို​ဆေးရင်း မိုးအံ့ကိုထူးဆန်းသလိုကြည့်​နေသည်။ မိုးအံ့လုပ်ချင်လို့သာ လိုက်လုပ်​ပေး​နေတာ။ ဘာလို့လုပ်​နေမှန်း အခုထိသ​ဘောမ​ပေါက်​သေး။

"မိုးအံ့...ဒါ​တွေကို ပြန်​ရောင်းဖို့လား"

မိုးအံ့ ကိုကိုသာမိုးကိုပြုံးပြလိုက်ပြီး ​ဆေးစရာရှိတာဆက်​ဆေး​နေလိုက်သည်။

"အင်း​ပေါ့...ပြန်​ရောင်းဖို့​ပေါ့"

"ဟာ ဒါဆို ဘယ်လိုလုပ်မြတ်မှာလဲ မိုးအံ့ရ...​​ဖောက်သည်​ဈေးလည်းမဟုတ်ဘဲ"

"​နောက်ဆို ​ဖောက်သည်​ဈေးရမှာပါ...အခုကအစဆို​တော့ ​ဘယ်ရဦးမလဲဗျ...ပြီး​တော့ ကျွန်​တော်က အမြတ်ထွက်​အောင် လုပ်တတ်ပါတယ်ဗျ...ကိုကိုသာမိုး ​ဒေါ်​ဒေါ့်ကို​အသိ​ပေးလိုက်ဦး​နော်...မနက်ဖြန်ကျ ​ညောင်ပင်​အောက်မှာ ကျွန်​တော်​အ​ကြော်​ရောင်းမယ်လို့...ရွာထဲကလူ​တွေလည်း လာအား​​​ပေးဖို့​ပြော​ပေးဦး​လို့ ဟီးဟီး"

မိုးအံ့စကား​ကြောင့် သာမိုးဈာန် ​လုပ်လက်စ​တွေရပ်တန့်သွားသည်။ မိုးအံ့ တကယ်ပဲ ​ဈေး​ရောင်းဖို့လုပ်​နေတာလား။ ဒါ​ကြောင့် လိုအပ်သမျှပစ္စည်းပစ္စယ​တွေပါ အပြည့်အစုံဝယ်လာခြင်းဖြစ်မည်။

မိုးအံ့က​တော့ ​ဆေး​ကြောပြီး​နောက် ဒန်အိုးကြီးငယ်နှင့် အသားများကို မီးဖို့​ချောင်သို့ယူသွား​လေ​တော့ သာမိုးဈာန်လည်း အသီးအရွက်​ခြင်းကြီးကိုင်ပြီး အ​နောက်က​နေလိုက်ရ​တော့၏။

မီတာခမတတ်နိုင်၍ ဆိုလာပြားများကိုသာသုံး​သော ကိုကိုသာမိုးတို့အိမ်တွင် ညဘက်ဆိုလျှင် အိမ်အ​ရှေ့ဘက် မီးသီးတစ်လုံးနှင့် မီးဖို​ချောင်မီးသီးတစ်လုံးသာ ​ရှိသည်။

အမြွှာရှာပုံ​တော်မှ အစချီ... | အႁမႊာရွာပုံ​ေတာ္မွ အစခ်ီ...Where stories live. Discover now