Chapter 4

3.1K 450 43
                                    

Unicode...

​​နေ့ခင်း​နေ့လည် အလုပ်တထောက်နား​သော် ဦးတိုးခိုင်၏ပွဲရုံက စတုဒီသာဟူ၍ မုန့်လက်​ကောက်နှင့် မုန့်လုံး​ရေ​ပေါ်တို့ ​တောင်းကြီး​တောင်းငယ်နှင့်​ရောက်လာကြသည်။

ထန်းလျက်​ပေါ​သော​ဒေသဖြစ်၍ ထန်းလျက်ရည်ကို ပုံးကြီးနှင့်​ပေါ​ပေါများများယူလာ​လေသည်။

"ဟာ ​အ​မေတို့​ရောက်ပလား... လာကြဗျို့ လာကြဗျို့... ကျုပ်အ​မေနဲ့ ကျုပ်နှမလက်ရာ မုန့်​တွေစားလို့ရပြီဗျို့"

​အ​ပေါ်ပိုင်းအဝတ်မပါသည့် ​နောင်ဝင်းခိုင်က ​​ပေါက်တူးကို သစ်ပင်ရင်းတွင်မှီ၍ လုပ်အား​ပေး​နေကြ​သော ရွာသားများကို လက်နှစ်ဖက်ကို ပါးစပ်​ဘေးတွင်ကပ်ပြီး ​အော်​ပြောသည်။

သူ့အသံကိုကြား​သောရွာသားများကလည်း လုပ်လက်စအလုပ်များကိုပစ်ထားလျက် မုန့်​တောင်းရှိရာ ချဉ်းကပ်လာကြ၏။ ထိုထဲတွင် သာမိုးဈာန်က ထိပ်ဆုံးကဖြစ်သည်။

"ကြီး​ဒေါ်မြ...ကျုပ်ကို ထန်းညက်ရည်များများ​ပေး​နော်...ဒီ​ကောင်ဝင်းခိုင် အကျင့်မ​ကောင်းဘူးဗျာ...မ​နေ့ကကျုပ်နဲ့​တွေ့တာကို ကြီး​ဒေါ်မြတို့မုန့်​ကျွေးမယ်လို့ မ​ပြောလိုက်ဘူးဗျ"

​ဒေါ်မြက မခို့တရို့​လေးရယ်ကာ ဖက်ရွက်ထဲသို့ မုန့်လက်​ကောက်သုံးကွင်းနှင့် မုန့်လုံး၅လုံးထည့်​ပေးလိုက်သည်။ ထို့​နောက် အိမ်ကအသင့်ယူလာ​သော စတီးပန်းကန်အ​သေး​လေးထဲသို့ ထန်းလျက်ရည်များကိုအပြည့်ထည့်​ပေးလိုက်၏။

"ဟို​လေ...ငုဝါက မ​နေ့ကမှဒီရွာကို​ရောက်လာတဲ့ဧည့်သည်ပါ...အဲဒါ​ကြောင့် တစ်မျိုး​တော့မထင်ကြပါနဲ့​နော်...အခုရှင်တို့ ရွှံ့​တွေဗွက်​တွေထဲအလုပ်လုပ်ခဲ့ရတာမလား...အဲ​တော့ မုန့်စား​တော့မယ်ဆို အရင်လက်​ဆေးကြပါ​နော်...လက်မသန့်ဘဲ အစာစားမိရင် ဝမ်းပျက်ဝမ်း​လျှောဖြစ်နိုင်ပါတယ်...ကိုယ်က​တော့စား​နေကျဆို​ပြီး အမှုမဲ့အမှတ်မဲ့​နေလိုက်ရင်လည်း​လေ အခုမဖြစ်​တောင် ​နောက်ကျရင် ​ရောဂါ​တွေအတိုးချဖြစ်နိုင်ပါတယ်​နော်...ဒါ​ကြောင့် ဖြစ်နိုင်ရင် အစာမစားခင်လက်​ဆေးကြပါရှင့်"

အမြွှာရှာပုံ​တော်မှ အစချီ... | အႁမႊာရွာပုံ​ေတာ္မွ အစခ်ီ...Where stories live. Discover now