Unicode...
"အား ကိုကိုသာမိုး... မိုးအံ့ပင်ပန်းလိုက်တာ"
သာမိုးဈာန်ခါးကို နောက်ကနေဖက်ကာ ပုခုံးပေါ်ခေါင်းတင်ပြီး ချွဲချွဲနွဲ့နွဲ့ဆိုသည်။ ဈေးသိမ်းပြီး၍ အိုးတွေခွက်တွေဆေးအပြီး အမေအိမ်လည်နေချိန်မို့ အခွင့်ကောင်းကို တဝကြီးယူနေခြင်းဖြစ်သည်။ သို့သော်လည်း မိုးအံ့ပင်ပန်းတာ တကယ်မို့ သာမိုးဈာန် မရုန်းမိ။
မိုးအံ့နှင့်မျက်နှာချင်းဆိုင်လိုက်ကာ ပါးနှစ်ဖက်ကို လက်ဖြင့်အုပ်မိုးပြီး နှုတ်ခမ်းလေးကို တစ်ချက်နမ်းလိုက်သည်။ ကျေနပ်သွားသည့် ဈေးသည်လေးကတော့ မျက်လုံးများကိုမှိတ်လျက် မျက်နှာကြီးဖြီးပြနေသည်။
"တော်တော်ချစ်ဖို့ကောင်းတဲ့ ဈေးသည်လေးက ပိုက်ဆံတွေရေဦးလေ...မြတ်ကောမြတ်ရဲ့လား တွက်ကြည့်ဦးလေ"
"အင်းပါ လုပ်မှာပါ ကိုကိုသာမိုးကလည်း...ဒီကအမောဖြေနေတာကို...ကိုကိုသာမိုး အဲလိုလေးနမ်းရုံနဲ့ အမောပြေမယ်ထင်လို့လား"
နှုတ်ခမ်းကြီးကိုတစ်တောင်လောက်ဆူကာ ပြောလေတော့ သာမိုးဈာန်မှာ အူယားအသည်းယားရှိလှသည်။
"မိုးအံ့က ရောင့်တက်လာတယ်နော်"
"ဘာဖြစ်လဲ ဘာဖြစ်လဲ...ကိုကိုသာမိုးတစ်ယောက်တည်းကိုပဲ ရောင့်တက်တာ ဘာဖြစ်လဲ...ဘာဖြစ်ချင်လဲ"
ပြောပြောဆိုဆိုနှင့် ကြမ်းပြင်ပေါ်ထိုင်ချကာ ကိုကိုသာမိုးခြေသလုံးကိုတွယ်ဖက်ထားသော မိုးအံ့ကိုကို။ နှုတ်သီးဆူကလေးနှင့် ခပ်စွာစွာရန်တွေ့နေတဲ့အပြင် ကလေးတွေလိုသူ့ခြေထောက်ကို တင်းကြပ်စွာဖက်ထားသော သူ့ချစ်သူကို သာမိုးဈာန်မထိန်းနိုင်စွာ ခေါင်းခါလိုက်သည်။
ချစ်ရသူမြို့ကြီးသားမိုးအံ့ဟာ သူနှင့်ဆိုရင်တော့ လူကြီးတစ်ယောက်လိုလည်းလေးနက်သွားတတ်သလို ကလေးတစ်ယောက်လိုလည်း ပိုပိုကဲကဲချွဲတတ်သေးသည်။ အဲဒါတွေကပဲ မိုးအံ့အား ချွင်းချက်မရှိချစ်မိသွားရခြင်း၏ အကြောင်းအရင်းဖြစ်မည်။
YOU ARE READING
အမြွှာရှာပုံတော်မှ အစချီ... | အႁမႊာရွာပုံေတာ္မွ အစခ်ီ...
General Fictionဘုံတလုတ်ရွာလေးက အလိမ်အညာဇာတ်လမ်းလေးတစ်ပုဒ်ဟာ လေးနက်တဲ့ချစ်ခြင်းတရားတစ်ခုအဖြစ် အသွင်ပြောင်းသွားတဲ့အခါ... ဘုံတလုတ်ရွာလေးက အလိမ်အညာဇာတ်လမ်းလေးတစ်ပုဒ်ဟာ လေးနက်တဲ့ချစ်ခြင်းတရားတစ်ခုအဖြစ် အသွင်ပြောင်းသွားတဲ့အခါ... First Chapter Published : Jul...