Chapter 8

1.9K 312 47
                                    

Unicode...

​နောက်​နေ့မနက်တွင် မိုးအံ့ကိုကို​​ပြောပြသည့်​နေရာ၌ နွားကြီးကိုပြန်ရှာ​တွေ့သည်။ နွားပိုင်ရှင်က ​ကျေးဇူးတင်လွန်း၍ ဧည့်သည်သုံး​ယောက်ကို ဧည့်ခံချင်သည်ဆိုကာ ထန်း​တောတစ်ခု၌ ​နေရာချ​ပေးသည်။ ဒီ​နေ့တစ်​နေကုန် စားသမျှ​သောက်သမျှ သူဒကာခံမည်ဟူ၍လည်း ထန်း​တောပိုင်ရှင်ကိုအသိ​ပေးထား​၏။

မိုးအံ့ကိုကိုတို့ ထန်း​တောကို​ရောက်​သော် ထန်းရည်နှစ်အိုးနှင့် ကြက်​ကြော်တစ်ပွဲမှာလိုက်သည်။

"တကယ်​တော့ လယ်ကြွက်​ကြော်​လေးနဲ့မှ မြည်းလို့​ကောင်းတာဟ"

ဆန်းလင်း​အောင်က သူ့သ​ဘောမပါဘဲ ကြက်​ကြော်မှာလိုက်သဖြင့် ကွန်ပလိန့်တက်သည်။

"ဟယ် နင့်ဟာကြီးကလည်း...ငါမစားရဲပါဘူး...မြင်တာနဲ့ ပျို့တက်ကုန်မှာ...စားချင်ရင် ကိုယ့်ဘာသာတစ်​ယောက်တည်းလာမှစား"

ငု​ဝါယဉ်​အေးက ထိုကွန်ပလိန့်ကို အမူအရာများလုပ်ပြပြီး ပြန်ချေပသည်။ မိုးအံ့ကိုကိုက​တော့ ဘာ​နေ​နေအဆင်​ပြေတာမို့ အစီအရီ​ပေါက်​နေကြ​သော ထန်းပင်များနှင့် အခု​လေးတင်ထန်းပင်​ပေါ်တက်သွား​သော ထန်းတက်သမားကို လိုက်ကြည့်​နေသည်။

ထန်းတက်သမားက ရင်း​ထောင်​​လှေကားကို ထန်းပင်တွင်ထောင်ပြီး ကျွမ်းကျင်လျင်မြန်စွာ အ​ပေါ်ကိုတက်​ရောက်သွားသည်။ ထို့​နောက် ထန်းနို့တွင် ကြိုးနှင့်​သေချာချိတ်ဆွဲထား​သော ​မြေအိုးက​လေးများကို ဖြုတ်ယူလိုက်သည်။ ထို​နေရာတွင် ခါးမှာအဆင်သင့်လွယ်သွားသော ​မြေအိုးလွတ်တစ်လုံးနှင့် အစားထိုးလိုက်၏။

​ထန်းရည်ခံယူထား​သော အခြားထန်းနို့များတွင်လည်း ဤနည်းကဲ့သို့လဲလှယ်ယူသည်။ သုံးအိုး​လောက်ရှိမည်။ ထန်းရည်များပါ​သော ထို​မြေအိုးများကို ခါးတွင်မြဲမြံစွာပြန်ချိတ်ဆွဲလျက် ​အောက်သို့ဆင်းလာခဲ့၏။

အမှုန်အမွှားနှင့် အ​ကောင်များကိုစစ်ပြီး​နောက် ​သောက်သုံးနိုင်​သော ထန်းရည်အဖြစ်သို့​ရောက်ရှိသည်။ မိုးအံ့ကိုကိုတို့စားပွဲဝိုင်းသို့ ထန်ရည်အိုးများ​ရောက်​သော် အားလုံးမျက်နှာများတွင် အပြုံးများချိတ်ဆွဲလျက်ရှိသည်။

အမြွှာရှာပုံ​တော်မှ အစချီ... | အႁမႊာရွာပုံ​ေတာ္မွ အစခ်ီ...Where stories live. Discover now