Unicode...
"ဟယ် ဟိုကောင်လေး ဘာဖြစ်တာလဲ"
ဒေါ်ဒေါ်က ကိုကိုသာမိုးရဲ့ပုံစံကိုတွေ့ပြီးစိုးရိမ်တကြီးနှင့် မေးလေသည်။
"ထန်းရည်မူးတာတဲ့ ဒေါ်ဒေါ်ရေ...ဒေါ်ဒေါ်လည်းအိမ်ပြန်မှာမလား...ကျွန်တော်သူ့ကိုကျောပိုးခဲ့လိုက်ပါ့မယ်"
"ဟယ် ဒီကောင်လေးနှယ်...တစ်ခါမှမသောက်စဖူး...အမူးပြေရင်တော့လား တွေ့ဦးမယ် ဟင်းဟင်း"
ဒေါ်ဒေါ်က သူ့ဘာသူကြိမ်းပြီးနောက် တဲထဲကနေထွက်သွားသည်။ မိုးအံ့လည်း ကျောပေါ်တွင် အမူးသမား ကိုကိုသာမိုးအားတင်လျက် ဒေါ်ဒေါ့်နောက်ကနေလိုက်ခဲ့၏။
လမ်းတွင် မနိုးတနိုးဖြစ်နေသောကိုကိုသာမိုးက မိုးအံ့ပုခုံးပေါ်ခေါင်းတင်ပြီး တဝူးဝူး တဘူးဘူးလုပ်နေသည်။ မူးတာတောင် ကလေးတွေဘူးမှုတ်သလိုမူးနေတဲ့ကလေးကြီးကို မိုးအံ့ ကြိတ်ရယ်မိ၏။
"ကိုကိုသာမိုးရာ...တိတ်တိတ်လေးမူးစမ်းပါ ပုခုံးပေါ်လည်း တံတွေးတွေချည်းပဲ"
"ဘူး"
"အင်း အင်း ဘူး"
"ဖူး မောအံ့ရော...မောအံ့"
မိုးအံ့ကိုကို လမ်းလယ်ခေါင်ကြီးပေမဲ့ မထိန်းနိုင်တော့တာကြောင့် အားပါးတရရယ်ချလိုက်သည်။ အရှေ့ကဒေါ်ဒေါ်ပင် သတိထားမိပြီး အနောက်ကိုလှည့်ကြည့်လာတာမို့ မိုးအံ့ကိုကိုပြုံးပြလိုက်ရသေးသည်။
"မောအံ့က ဒီမှာလေ...ကိုကိုသာမိုးကို ကျောပိုးထားတာ မောအံ့ပဲလေ"
"မောအံ့"
"အင်း"
"မောအံ့ဝိုလေ ကျုပ်ရ ချစ်တာလေ သိလား"
မျက်လုံးမဖွင့်နိုင်ဘဲ မပီမသရသလောက်ပြောနေရှာသောကိုကိုသာမိုး။ မိုးအံ့ကိုကိုကတော့ အကျေနပ်ကြီးကျေနပ်လို့ အိမ်ကိုမြန်မြန်ရောက်ချင်နေပြီ။ အိမ်ရောက်ရင်တစ်ခါတည်းခြင်ထောင်ထောင်ပြီး အမူးသမားကလေးကြီးကို သူမသိအောင် အမှတ်အသားတွေပေးပစ်လိုက်ချင်သည်။
YOU ARE READING
အမြွှာရှာပုံတော်မှ အစချီ... | အႁမႊာရွာပုံေတာ္မွ အစခ်ီ...
General Fictionဘုံတလုတ်ရွာလေးက အလိမ်အညာဇာတ်လမ်းလေးတစ်ပုဒ်ဟာ လေးနက်တဲ့ချစ်ခြင်းတရားတစ်ခုအဖြစ် အသွင်ပြောင်းသွားတဲ့အခါ... ဘုံတလုတ်ရွာလေးက အလိမ်အညာဇာတ်လမ်းလေးတစ်ပုဒ်ဟာ လေးနက်တဲ့ချစ်ခြင်းတရားတစ်ခုအဖြစ် အသွင်ပြောင်းသွားတဲ့အခါ... First Chapter Published : Jul...