Chapter 28

1.8K 193 38
                                    

Unicode...

သူကြီးနှင့်တိုင်ပင်ထားသလို ဆွမ်းကပ်ဖို့ဟင်းများကိုအရင်ပြင်ဆင်ပြီး မုန့်​ဝေဖို့အတွက် အာလူး​ချောင်းနှင့် ကြက်သားလုံးများကို အချိုးကျစွာ ထုပ်ပိုးလိုက်သည်။ မုန့်ထုပ်တစ်ထုပ်တွင် ကြက်သားလုံးငါးလုံးနှင့် အာလူး​ချောင်းအနည်းငယ်၊ အချဉ်ရည်ထုပ်အ​သေး​လေးတစ်ထုပ်စီပါဝင်၏။

"မိုးအံ့ ဒီသင်ပုန်းကြီးက ​​ကျောင်းကဟာမလား...ဘာလုပ်ဖို့လဲ"

"ဪ သူကြီးရဲ့အလှူဆိုတာသိ​အောင် ကမ္ဗည်းထိုး​ပေးမလို့​လေ...ဘဘုန်းဆီက ခွင့်​တောင်းပြီးငှားလာတာ"

မိုးအံ့အ​ပြောကို သာမိုးဈာန်သ​ဘော​ပေါက်လိုက်သည်။ အလှူတစ်ခုတွင် ဘယ်သူ့၏ ဘာအတွက်ရည်ရွယ်သည့်အလှူဖြစ်​ကြောင်း အ​ရှေ့တွင်ဆိုင်းဘုတ်​ထောင်ထားသလိုမျိုး​ရေးဖို့ဖြစ်မည်ဟု ​တွေးလိုက်သည်။

"ဘယ်အချိန်​ဝေမှာတဲ့လဲ"

"​နေ့လည်​ ကျွန်​တော်တို့ဈေးထွက်တဲ့အချိန်​ပဲ​ပေါ့"

ထို့​နောက် မိုးအံ့က မုန့်ထုပ်ထုပ်ခြင်းနှင့် အလုပ်ဆက်ရှုပ်သည်။ သာမိုးဈာန်လည်း မိုးအံ့အသုံးပြုထား​​သော အိုးခွက်များကို​ဆေးဖို့ အ​နောက်ဘက်ကိုထွက်သွား​တော့သည်။

​နေ့လည်ခင်း​ဈေးထွက်သည့်​နေရာတွင် အခင်းအကျင်းများပြင်ဆင်ပြီး​နောက် မိုးအံ့ကိုယ်တိုင်သူကြီးကိုသွားပြီးအ​ကြောင်းကြားသည်။ သူကြီးလည်း ဝတ်​ကောင်းစားလှများ ဆင်မြန်းလျက် ဝမ်းသာအားရနှင့် တက်တက်ကြွကြွလိုက်ပါလာခဲ့သည်။

ထို့​နောက် ကာလသား​ခေါင်းပြူးကြီးက ရွာထဲကိုလှည့်ကာ သူကြီး​မွေး​နေ့ ​ညောင်ပင်ဝိုင်းတွင်မုန့်​ဝေ​မည်ဖြစ်​ကြောင်း ​ဆော်ဩသည်။ သူကြီးကား ​မိုးအံ့ပြင်ဆင်​​ပေးထား​သော အပြင်အဆင်များကိုကြည့်ပြီး ​သ​​ဘောကျလျက်ရှိသည်။

"မိုးအံ့က​တော့ ပြင်ဆင်ထားတာ ပြိုင်စံရှားပဲကွာ...ထုပ်ပိုးမှု​လေး​တွေလည်း သပ်သပ်ရပ်ရပ်က​လေး...က​လေး​တွေကြိုက်ကြမှာအ​သေချာပဲ"

ထိုအချိန်တွင် က​လေးများ တဖွဲဖွဲ​ရောက်လာကြသည်။ သူကြီးလည်း လက်​နောက်ပစ်လျက် ပြုံးတုံးတုံးနှက့် က​လေးများကိုကြည့်​နေသည်။ သာမိုးဈာန်နှင့် ပြူးကြီးတို့က က​လေးများကိုစနစ်တကျတန်းစီ​စေပြီး မိုးအံ့က တစ်​ယောက်စီ​ဝေ​​ပေးသည်။

အမြွှာရှာပုံ​တော်မှ အစချီ... | အႁမႊာရွာပုံ​ေတာ္မွ အစခ်ီ...Where stories live. Discover now