Chapter 6

2.4K 387 26
                                    

Unicode...

ရွာထဲတွင် နွား​များ​ပျောက်ဆုံးမှု​ကြောင့် ​အုတ်​အော်​သောင်းနင်းဖြစ်သွားကြသည်။ ဦးတိုးခိုင်တို့လည်း ထိုအခြင်းအရာကိုကြားကြားချင်း အံ့ဩတုန်လှုပ်မိသည်။ သူ့မှာနွားရယ်လို့မရှိ​သော်လည်း ရွာသား​တွေရဲ့အ​သွေးအသက် မှီခိုရာတိရစ္ဆာန်ဖြစ်၍ နွား​ပျောက်ကြသူများနည်းတူ ပူ​ဆွေးရသည်။

"​ဒေါ်​ဒေါ်မြတို့... ဘာဖြစ်ကြတာလဲဗျ"

အိမ်​ပေါ်ထပ်ကဆင်းလာကြ​သော မြို့သားသုံး​ယောက်မှာ မနက်စာဝိုင်းမှ ပုံမှန်မဟုတ်သည့်စကား​ပြောဆိုသံများ​ကြောင့် ဆန်းလင်း​အောင်​မေးလိုက်ခြင်းဖြစ်သည်။

"ဪ သားတို့နိုးလာကြပြီလား...လာထိုင်ကွယ်...ဘာဖြစ်ကြတာလဲဆို​တော့ ရွာထဲက နွားဆယ့်နှစ်​ကောင်ပျောက်သွားလို့တဲ့​တော်...ညကြီးအချိန်မ​တော်မှာ​ပျောက်တယ်လို့​ပြော​နေကြတာပဲ...​ကျုပ်တို့ရွာမှာ ဒီ​လောက်ထိကြီးကြီးမားမား​ပျောက်တာမျိုးမဖြစ်ဖူး​တော့ အကုန်ထိတ်လန့်တသာရှိ​နေကြတာ​ပေါ့ကွယ်"

ဆန်းလင်း​အောင်တို့မှာ ထိုင်ခုံတွင်ဝင်ထိုင်ရင်း ​​​ဒေါ်မြစကားကို နား​ထောင်​နေကြသည်။ မျက်နှာများကလည်း မအီမသာနှင့်...။

"ဪ ဒါထူးဆန်းတယ်​နော် ​ဒေါ်​ဒေါ်...​ပြောလို့​ပြောတာမဟုတ်ဘူး...သမီးတို့မြို့​ပေါ်မှာ​တောင် ဒီလိုအ​ရေအတွက်အများကြီး တပြိုင်နက်​ပျောက်တာမျိုးမကြုံဖူးဘူး...ပြီး​တော့ဒါက သက်ရှိနွား​လေ...အင်း...တစ်ခုခု​တော့ တစ်ခုခုပဲ"

ငုဝါယဉ်​အေးက ​လက်ဖက်ရည်ခွက်ကိုကိုင်ရင်း ​ကောက်ချက်ချသည်။ ​စားပွဲဝိုင်း၌ရှိ​နေ​သော ဦးတိုးခိုင်၊ သင်းမာခိုင်နှင့် ​​ဒေါ်မြတို့လည်း ငုဝါ၏​ကောက်ချက်ချမှုကို ပြန်လည်သုံးသပ်​နေကြ၏။

မိုးအံ့ကိုကိုက မုန့်စား​နေရင်းမှ...

"ကျွန်​တော်တို့လည်း ကူရှာ​ပေးလို့ရမလား ဦး​လေး...ဒီရွာမှာတည်း​ခို​နေရတဲ့ကျွန်​တော်တို့အဖို့ ဒီရွာကို​ကျေးဇူးဆပ်ဖို့ တစ်နည်းတစ်လမ်းပဲ​ပေါ့"

အမြွှာရှာပုံ​တော်မှ အစချီ... | အႁမႊာရွာပုံ​ေတာ္မွ အစခ်ီ...Where stories live. Discover now