Unicode...
မိုးအံ့တစ်ယောက် ရေမိုးချိုး ထမင်းစားပြီး ခဏနားချိန်မှ မနက်က Fengပေးလိုက်သောလက်ဆောင်ထုပ်ကို သတိရသည်။ ဖွင့်ကြည့်ဖို့ လက်ဆောင်ထုပ်ကိုလှမ်းယူချိန် သာမိုးဈာန်က အနောက်ဘက်ကနေ ပူဖောင်းတစ်လုံးကိုပုတ်လျက် ထွက်လာ၏။
"မိုးအံ့...ဒီပူဖောင်းတွေကို ဘာလုပ်ဖို့လဲ...ကျုပ်ကိုလက်ဆောင်ပေးဖို့လား"
မိုးအံ့ကိုကို သာမိုးဈာန်လက်ထဲကပူစီဖောင်းကို သေချာကြည့်လိုက်ပြီး တစ်ခုခုမူမမှန်သလို ခံစားရသည်။ သူထင်နေတာမှန်နေသလား။
"ကိုကိုသာမိုး အဲဒါကိုဘယ်ကရတာလဲ"
သာမိုးဈာန်က ပြတင်းပေါက်ဘေးကအိတ်ကလေးကိုမေးငေါ့ပြသည်။
"အဲဒီ လက်ဆောင်ဘူးထဲကလေ...ပူဖောင်းလေးတွေကို အိတ်လေးနဲ့တစ်ခုချင်းစီထုတ်ထားတာ ချစ်စရာလေး...ကျုပ်အစက ချိုချဉ်တို့ ပီကေတို့ထင်လိုက်တာဗျ...ဖောက်ကြည့်တော့မှ ပူဖောင်းဖြစ်နေတယ် ဟီး"
မိုးအံ့မှာ မယုံကြည်နိုင်းခြင်းများစွာ၊ ထိတ်လန့်မှုများစွာနှင့် အမြန်အဆန်လက်ဆောင်ဘူးကိုအိတ်ထဲကနေဆွဲထုတ်ပြီး ဖွင့်ကြည့်လိုက်သည်။
"ဟာ Shit သောက်ကျိုးနည်း မရီးလေးပဲ"
တိုးတိုးတိတ်တိတ်ရေရွတ်ပြီးနောက် ဘူးကိုအမြန်ပိတ်လိုက်သည်။ ကိုကိုသာမိုးကတော့ ဘာမှမသိဘဲ အူတူတူကလေးလိုက်ကြည့်နေ၏။ မိုးအံ့ ကိုကိုသာမိုးကိုပြုံးပြလိုက်ပြီး လက်ထဲကပူဖောင်းကိုအသာလေးယူလိုက်သည်။
"ဒါကလေးတွေဆော့ရတဲ့ပူဖောင်းမဟုတ်ဘူး ကိုကိုသာမိုးရဲ့ ... လူကြီးတွေဆော့ရတဲ့ဟာ"
မိုးအံ့ကိုကို ထိပ်ကနေအကျအနချည်ထားသောကွင်းလေးကို ပြန်ဖြည်ပြီးလေလျှော့လိုက်သည်။ ထို့နောက်လုံးချေပြီးမီးဖိုချောင်ထဲကအမှိုက်တောင်းထဲသွားပစ်လိုက်၏။ သာမိုးဈာန်က မိုးအံ့ရဲ့လှုပ်ရှားမှုတွေကို နားမလည်သော်လည်း သေချာလိုက်ကြည့်ပြီး စိတ်ထဲတွင်လည်း အတွေးပေါင်းများစွာက ပြေးလွှားနေသည်။
YOU ARE READING
အမြွှာရှာပုံတော်မှ အစချီ... | အႁမႊာရွာပုံေတာ္မွ အစခ်ီ...
General Fictionဘုံတလုတ်ရွာလေးက အလိမ်အညာဇာတ်လမ်းလေးတစ်ပုဒ်ဟာ လေးနက်တဲ့ချစ်ခြင်းတရားတစ်ခုအဖြစ် အသွင်ပြောင်းသွားတဲ့အခါ... ဘုံတလုတ်ရွာလေးက အလိမ်အညာဇာတ်လမ်းလေးတစ်ပုဒ်ဟာ လေးနက်တဲ့ချစ်ခြင်းတရားတစ်ခုအဖြစ် အသွင်ပြောင်းသွားတဲ့အခါ... First Chapter Published : Jul...