Unicode...
ခေါက်ဆွဲပြုတ်ဘူးကို အလယ်တွင်ချ၍ နှစ်ယောက်အပြိုင်သောက်နေရာမှ မိုးအံ့ကိုကို စတန့်ထွင်ကာ ခေါက်ဆွဲတစ်မျှင်ကိုဆွဲယူပြီး အစွန်းတစ်ဖက်ကို သူကကိုက်လိုက်သည်။ ကျန်တစ်ဖက်ကို ကိုကိုသာမိုးအားကိုက်ခိုင်းပြီး ဖြည်းဖြည်းစီစားရင်း မျက်နှာနှစ်ခုအားနီးကပ်စေသည်။ နောက်ဆုံးစားစရာခေါက်ဆွဲမျှင်မကျန်တော့မှ ကိုကိုသာမိုးနှုတ်ခမ်းကိုထိတယ်ဆိုရုံနမ်းလိုက်ပြီး ကိုယ်ချင်းပြန်ခွာလိုက်သည်။
ထိုအချိန်တွင် ခြံပေါက်ဝ၌ ရောက်နေသော နောင်ဝင်းခိုင် ယင်းမြင်ကွင်းအား သေသေချာချာကြီးကြည့်ပြီး မျက်လုံးပြူးနေလေသည်။ ခေါက်ဆွဲတစ်မျှင်အား နှစ်ယောက်လုစားခြင်းအမှုပြီးစီးသွားမှ သာမိုးဈာန်ခြံအပြင်ဘက်ကို အာရုံရောက်သည်။
"ဟော ဝင်းခိုင်...ဘယ်ကလှည့်လာတာတုံး"
နောင်ဝင်းခိုင်တစ်ယောက် ပြောစရာစကားများရှာမတွေ့၍ တံတွေးမြိုချရင်း ခြံဝန်းထဲတစ်လှမ်းချင်းစီဝင်လာခဲ့သည်။ ထို့နောက် သူတို့နှစ်ယောက်ကြားထဲကခေါက်ဆွဲပြုတ်ဘူးကိုကြည့်ပြီး အကြိမ်ကြိမ် တံတွေးမြိုချပြန်သည်။
မိုးအံ့ကိုကို နောင်ဝင်းခိုင်ကိုသေချာကြည့်နေတာမို့ တလွဲသဘောပေါက်ကာ လောကွတ်ချော်လိုက်၏။
"ကိုနောင်ဝင်းခိုင် ခေါက်ဆွဲစားချင်လို့လားဗျ...ရော့ရော့ အရည်တွေကျန်သေးတယ်...ခေါက်ဆွဲဖက်လည်း နည်းနည်းပါပါသေးတယ် ဟီးဟီး"
မိုးအံ့လှမ်းပေးသော ခေါက်ဆွဲဘူးကို လက်ကာပြပြီး အပီအပြင်ငြင်းသည်။ နောင်ဝင်းခိုင်အကြည့်များက ခေါက်ဆွဲပြုတ်ဘူးကနေ သာမိုးဈာန်ရဲ့နှုတ်ခမ်းများဆီရောက်သွားပြန်သည်။ နှုတ်ခမ်းတစ်ဝိုက် ချွေးများပြန်နေပြီး နှုတ်ခမ်းများလည်းနီရဲနေတာကို အထူးအဆန်းကြည့်နေခြင်းဖြစ်သည်။
"ခု ခုနကလေ မင်းတို့ ဘာလုပ်ကြတာ"
အထစ်ထစ်အငေါ့ငေါ့ထွက်ပေါ်လာသော နောင်ဝင်းခိုင်ရဲ့စကားအဆုံး သာမိုးဈာန် တစ်ဖက်ကိုအကြည့်လွှဲပြီး အံကိုကြိတ်ထားမိသည်။ မမြင်သင့်တာတွေ ဒင်းမြင်သွားပြီ။
YOU ARE READING
အမြွှာရှာပုံတော်မှ အစချီ... | အႁမႊာရွာပုံေတာ္မွ အစခ်ီ...
General Fictionဘုံတလုတ်ရွာလေးက အလိမ်အညာဇာတ်လမ်းလေးတစ်ပုဒ်ဟာ လေးနက်တဲ့ချစ်ခြင်းတရားတစ်ခုအဖြစ် အသွင်ပြောင်းသွားတဲ့အခါ... ဘုံတလုတ်ရွာလေးက အလိမ်အညာဇာတ်လမ်းလေးတစ်ပုဒ်ဟာ လေးနက်တဲ့ချစ်ခြင်းတရားတစ်ခုအဖြစ် အသွင်ပြောင်းသွားတဲ့အခါ... First Chapter Published : Jul...