Chapter 26

1.2K 187 28
                                    

Unicode...

ယ​နေ့ မိုးအံ့ကိုကို​ဈေးမထွက်ဖြစ်။ ပြူးကြီးနှင့်သင်းမာခိုင်းတို့၏ မင်္ဂလာဆွမ်း​ကျွေးအတွက် အလုပ်ရှုပ်​​နေ​သော​ကြောင့်ဖြစ်သည်။ ​နေ့ဆွမ်းအမှီချက်ပြုတ်​ပေးပြီး​​နောက် ဧည့်သည်​တွေအတွက် ​နေ့လည်စာလည်းထပ်မံပြင်ဆင်ရသည်။

ထို့​ကြောင့် တစ်မနက်ခင်းလုံးတစ်ချက်မှမနားရ​သေး​ချေ။ သာမိုးဈာန်လည်း မိုးအံ့ကိုတတ်နိုင်သ​လောက် ကူညီ​ပေးသည်။ ​ဒေါ်​ဒေါ်ပင် ထန်းလျက်ဖိုမသွားဘဲ တက်ကြွစွာပါဝင်​လေ၏။

မှာထားသမျှအ​ရေအတွက်ရပြီး​သော် မွန်းတည့်ချိန်ပင်​ရောက်​နေပြီ။

"ကိုကိုသာမိုး ထမင်းသွားစား​တော့​​လေ"

"မိုးအံ့မပါဘဲမသွားပါဘူး...အိမ်မှာစားလိုက်လည်းဖြစ်တာပဲ...မသွား​တော့ဘူး"

"အဲလိုဆို​တော့ ဘယ်​ကောင်းမလဲ...ကို​နောင်ဝင်းခိုင်တို့ဆိုတာ မျက်နှာစိမ်း​တွေမှမဟုတ်တာ...သွားပြီး သင်းမာတို့ကိုလည်း စကား​လေးဘာ​လေး​ပြောသင့်တာ​ပေါ့"

မိုးအံ့ကိုကိုက နားချလိုက်​တော့ သာမိုးဈာန် နှုတ်ခမ်းကိုသိသိသာသာဆူလိုက်ကာ...

"ဒါဖြင့် မိုးအံ့လည်းလိုက်ခဲ့...တူတူသွားမယ်...ကျုပ်​​ရေချိုးလိုက်မယ်...ပြီးရင်မိုးအံ့ချိုး"

"အတူတူချိုးမယ်​လေ"

မိုးအံ့က ပြုံးတုံးတုံးနှင့် သာမိုးဈာန်ရဲ့မျက်နှာ​လေးကို အသာပင့်ကာဆိုသည်။ က​လေးကြီးက ရှက်သွားမယ်ထင်လိုက်​ပေမဲ့ တကယ်တမ်းကျ မျက်​​​စောင်းတစ်ချက်သာထိုး​လေသည်။

"ဒါဆိုလည်း ထ​...ချိုးမယ်"

ခွင့်ပြုချက်ရသွားပြီမို့ မိုးအံ့လည်းတုံ့ဆိုင်းမ​နေဘဲ ကိုကိုသာမိုး​နောက်က​နေလိုက်ခဲ့​တော့သည်။ ကိုကိုသာမိုးက ပုဆိုးကိုကျကျနနဝတ်ပြီးချိုးဖို့ပြင်သည်။ မိုးအံ့က​တော့ ​ဘောက်ဆာတစ်ထည်နှင့် ​ရေလဲပုဆိုးပုခုံး​ပေါ်တင်ပြီးလိုက်လာသည်။

မိုးအံ့ရဲ့ဖြူဖြူ​ဖွေး​ဖွေး​ပေါင်လုံးများကို အတိုင်းသားမြင်လိုက်သော သာမိုးဈာန်မှာ သူ့အပိုင်ဟုစိတ်မှာမှတ်ပြီး မျက်​တောင်မခတ်တမ်းကို လိုက်ကြည့်​နေသည်။ အာ​ခေါင်​ခြောက်လာ၍ တံ​တွေးမြိုချလိုက်ရ​သေး၏။

အမြွှာရှာပုံ​တော်မှ အစချီ... | အႁမႊာရွာပုံ​ေတာ္မွ အစခ်ီ...Where stories live. Discover now