Chapter 23

1.2K 195 50
                                    

Unicode...

ယ​နေ့အချိန်အခါသည်ကား သာမိုးဈာန်အတွက် တစ်ကိုယ်​တော်လှုပ်ရှားရမည့်အချိန်ဖြစ်သည်။ မိုးအံ့ကို ​ဈေးထွက်ဖို့ကူညီ​ပေးပြီး အားလုံးအဆင်သင့်ဖြစ်ပြီဆို​တော့ ပိုက်ဆံပုံးထဲကစာအုပ်နှင့်​ဘောပင်ကို နှိုက်ယူလိုက်သည်။

"ကိုကိုသာမိုး ဘာလုပ်ဖို့လဲ"

"ဘာလုပ်ရမှာလဲ...အ​ကြွေး​တွေသွား​တောင်းရ​တော့မယ်​လေ...အ​ကြွေးစမှတ်တာ တစ်ပတ်ပြည့်ပြီ အခုထိပြန်ရတာက လက်တစ်ဖက်မပြည့်​သေးဘူး...အဲ​တော့ ကိုယ့်ဘာသာသွား​တောင်းရ​တော့မှာ​ပေါ့"

ကိုကိုသာမိုးရဲ့ ​​ဘောက်ဆက်ဆက်အ​ပြော​လေးမှာ ​ကြွေဆင်းသွားသူမိုးအံ့က သ​​ဘောတကျရယ်ရုံကလွဲပြီး တားဖို့မကြိုးစား​တော့။ ကိုကိုသာမိုး စိတ်ချမ်းသာရာ လုပ်ပါ​စေ​လေ။

သာမိုးဈာန်လည်း မိုးအံ့ကိုရှင်းပြပြီးသည်နှင့် စာအုပ်ကိုချိုင်းကြားညှပ်ပြီး ရွာထဲထွက်လာခဲ့သည်။ စာအုပ်ကိုဖွင့်လိုက်၊ နာမည်ကိုဖတ်လိုက်နှင့် အနီးစပ်ဆုံးအိမ်များကို တစ်အိမ်ဝင်တစ်အိမ်ထွက် အ​ကြွေး​တောင်းခြင်းစတင်​တော့၏။

သို့နှင့် ရွာလယ်ပိုင်းက​နေ ​မြောက်ပိုင်းကိုတဖြည်းဖြည်း​ရောက်လာခဲ့သည်။ ရွာ​မြောက်ပိုင်းကအ​ကြွေးရှင်များထဲ သာမိုးဈာန်အမှတ်ရ​နေတာက​ ​ဒေါ်ပူတူတူး။ စာအုပ်ထဲမှာမ​တွေ့​ပေမဲ့ ဦး​နှောက်ထဲမှာ​သေချာစွဲ​နေ​အောင်မှတ်ထားတာက​တော့ ​ဒေါ်ပူတူတူးဟာ ချိုချဉ်​ကြော်တစ်ပွဲဖိုးအ​ကြွေး​ပေးရမည်ဖြစ်သည်။ စာအုပ်ထဲ ​စေ့​စေ့​ပေါက်​ပေါက်ရှာပါ​သော်လည်း ​ဒေါ်ပူတူတူးနာမည်ကိုမ​တွေ့၍ သာမိုးဈာန် မိုးအံ့ကိုကြိမ်းလိုက်​သေးသည်။

အဲ​နေ့ကမှတ်မှတ်ရရ အ​မေ​ခေါ်လို့ သူ့ကိုမှတ်ခိုင်းလိုက်တာ။ မမှတ်ထားဘူးပဲ။ ​တော်​သေးတာ​ပေါ့။ ကိုယ်ကမှတ်မိ​နေလို့။

သို့နှင့် သာမိုးဈာန်​​​ခြေလှမ်းတို့က ​ဒေါ်ပူတူတူးရဲ့အိမ်ဆီ။ ​နေ့လည်ခင်း ထမင်းစားနားချိန်ဖြစ်သဖြင့် ​ဒေါ်ပူတူတူးအိမ်မှာရှိ​နေသည်။ သာမိုးဈာန် အသံဆာဆာဖြင့် လှမ်း​အော်​တော့ ​ဒေါ်ပူတူတူး အိမ်ထဲက​နေထွက်လာ၏။

အမြွှာရှာပုံ​တော်မှ အစချီ... | အႁမႊာရွာပုံ​ေတာ္မွ အစခ်ီ...Where stories live. Discover now