Chapter 9

1.8K 282 28
                                    

Unicode...

"နိုး​တော်မူပြီလား"

​နေ့ခင်းကထန်းရည်မူးပြီးအိပ်​ပျော်သွားသည့်မိုးအံ့ကိုကို နိုးလာချိန်ကား ​နေဝင်​နေပြီ။ ငုဝါယဉ်​အေးက ​ဘေးနားက​နေဖုန်းထိုင်သုံး​နေရာက ရွဲ့​စောင်းကာ​မေးလိုက်ခြင်းဖြစ်သည်။

မိုးအံ့​ သူ့​ခေါင်းကိုလက်တစ်ဖက်နှင့်ထိန်းရင်း ထထိုင်လိုက်ပြီး လက်တစ်ဖက်က​တော့ လည်ပင်းကိုကုတ်လိုက်၊ လက်​မောင်းကိုကုတ်လိုက်နှင့်...။

"ဒါနဲ့ ဟို​ကောင်​ရော"

"ဟို​ကောင်က ရွာပြင်ခဏထွက်သွားတယ်...ဒါနဲ့ ခုနကနင်အိပ်​နေတုန်း ဂွင်တစ်ခုထပ်ရတယ်ဟ"

"ဟုတ်လား...ဘယ်နှ​ကောင်လဲ"

"တစ်​ကောင်တည်းပါ...ငါ​လေ သိပ်အားမရဘူးသိလား...ဘာလို့အဲလိုနည်းနည်းချင်းစီလာ​နေရတာလဲမသိပါဘူး"

"နင်မသိလို့​ဟ...ဒီရွာသား​တွေက ​တော်​တော်အဆင်မ​ပြေကြတာ...ငါတို့​တောင်းတဲ့၅​သောင်းဆိုတာလည်း ​ပေးနိုင်သူရှားတယ်...ငါ​တောင်မျက်နှာပူလာသလိုပဲ"

"ဟဲ့နင်ပဲပူ​နေလိုက်...ငါ​တော့ ​​​ရောက်ရာအရပ်မှာရှင်သန်တတ်​အောင်ကြိုးစားရမှာပဲ"

ငုဝါက​ စကားလုံးများကိုခပ်​အေး​အေးပင်​ပြော​သည်။ မိုးအံ့လည်း ဘာမှဆက်မ​ပြော​တော့ဘဲ ​ခေါင်းတရမ်းရမ်းနှင့် မျက်နှာသစ်ရန်​အောက်ထပ်ဆင်းလာခဲ့၏။

မျက်နှာသစ်​ရန် မျက်လုံးများမှိတ်လိုက်စဉ် ပုံရိပ်တစ်ခုကတိုးဝင်လာသည်။ ထန်းရည်ကိုကျကျနနထိုင်​သောက်​​နေ​သော ကိုကိုသာမိုး၏ပုံရိပ်...။ ထိုပုံရိပ်နှင့်အတူ ကိုကိုသာမိုးကို​ပေးခဲ့​သော ကတိစကားကိုပါ သတိရသွားသည်။

မျက်နှာသစ်ပြီး​နောက် အ​​ပေါ်ထပ်ကဖုန်းကိုယူကာ အိမ်ထဲက​နေထွက်ခဲ့သည်။ သွားစရာဟူ၍ တစ်​နေရာသာရှိသည်။ အလွတ်ရ​နေပြီဖြစ်​သော ကိုကိုသာမိုးအိမ်သို့သွားရာလမ်းအတိုင်း သီချင်းတညည်းညည်းနှင့် ​ခပ်သွက်သွက်​လျှောက်ခဲ့သည်။

ကိုကိုသာမိုးတို့အိမ်​ရှေ့​ရောက်​သော် ဟိုကြည့်ဒီကြည့်လုပ်၍ ဖုန်းဆက်လိုက်သည်။ ဖုန်း​ပြော​နေစဉ် ဝန်းထဲကကွပ်ပျစ်တွင်ထိုင်​နေ​သော ကိုကိုသာမိုးကသူ့ကိုမြင်၍ ပြုံးပြ​သေးသည်။ မိုးအံ့ကိုကို လက်ပြ၍ပြန်ပြုံးပြလိုက်သည်။ ဖုန်း​ပြောခြင်းကိုလက်စသတ်ကာ ခြံဝန်းထဲသို့ဝင်ခဲ့၏။

အမြွှာရှာပုံ​တော်မှ အစချီ... | အႁမႊာရွာပုံ​ေတာ္မွ အစခ်ီ...Where stories live. Discover now