Chapter 15

1.4K 225 21
                                    

Unicode...

မနက်ခင်း ၁၀နာရီတွင် ချိန်းထားသည့်အတိုင်း ရွာကိုလာတုန်းကကားနှင့်ပင် ​ကျောက်ပန်း​တောင်းလမ်းဆုံတွင်ဆုံကြသည်။ မိုးအံ့ကို​တွေ့သည်နှင့် ကားကိုလမ်း​ဘေးတစ်​နေရာတွင်ထိုးရပ်ကာ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ဝင်ထိုင်ကြသည်။ မှိုင်းညို့က​တော့ ကား​ပေါ်တွင်​စောင့်​နေရစ်ခဲ့၏။

မိုးအံ့ကိုကို ထိုင်ခုံတစ်လုံးတွင်ဝင်ထိုင်ကာ ​ဘေးတွင်လာရပ်​သောစားပွဲထိုး​လေးအား ​ပေါ့ဆိမ့်​​​​လေးခွက်မှာလိုက်သည်။ ထို့​နောက် ​ကျောပိုးအိတ်ကို စားပွဲခုံ​ဘေးမှ မျက်နှာချင်းဆိုင်က ငုဝါဆီလှမ်း​ပေးလိုက်သည်။

"အားလုံးအတွက် ညီညီမျှမျှခွဲ​ပေးပြီးသား...ဘဲကြီးကို 30%​ပေးလိုက်ရတာ​တော့ရှိတာ​ပေါ့...ကျန်တာအကုန်ဘတ်နဲ့လဲလာပြီးပြီမို့ ဒီက​နေ နယ်စပ်အထိက​တော့ မင်းတို့ဘာသာ ကြံဖန်လိုက်​တော့"

"နင် အခုလို​တွေ​ပြော​နေတာက ​တကယ်ကြီးနေခဲ့မယ်ဆိုတဲ့သ​ဘောလား...နင့်ကို​ခြေရာခံမိသွားရင်​ရော ဘယ်လိုလုပ်မှာလဲ"

ငုဝါက အိတ်ကိုယူရင်း ​လေသံတိုးတိုးနှင့်​ပြောသည်။ မိုးအံ့က​တော့ ​ပေါ့ပါးစွာပင် ငုဝါနှင့် ဆန်းလင်း​အောင်တို့ကို ကြည့်လိုက်သည်။

"စိတ်ချပါ...ငါ့ကိုမိသွားရင်​တောင် မင်းတို့နာမည်​တွေထုတ်မ​ပြောဘူး...အင်း...မိမှာလည်းမဟုတ်ပါဘူး...ငါ့ကိုယုံတယ်မလား"

ထိုစဉ် စားပွဲထိုး​ကောင်​လေးက မှာထားသည့်လက်ဖက်ရည်​လေးခွက်လာချသည်။ မိုးအံ့စကားစကိုဖြတ်ပြီး လက်ဖက်ရည်တစ်ငုံ​သောက်လိုက်၏။ ထို့​နောက် အသစ်တစ်ခွက်ကိုလှမ်းယူကာ အသင့်ပါလာ​သော ဓါတ်ဘူးထဲသို့​​ပြောင်းထည့်လိုက်သည်။

"ဒါ​လေး ပူတုန်း​​သောက်ရ​အောင် သွား​ပေးလိုက်စမ်းပါဟာ"

ငုဝါယဉ်​အေးက အလိုက်သိစွာ ​ကျောပိုးအိတ်ကိုဆန်းလင်း​အောင်ဆီ​ပေးခဲ့ပြီး လမ်းတစ်ဖက်က ရပ်ထား​သောကားဆီ ဓါတ်ဘူးကိုင်ပြီး ခပ်​သော့​သော့ထွက်သွားသည်။

ငုဝါကိုနှစ်​​ယောက်သား​ငေးကြည့်ရင်း ဆန်းလင်း​အောင်က စကားစ၏။

အမြွှာရှာပုံ​တော်မှ အစချီ... | အႁမႊာရွာပုံ​ေတာ္မွ အစခ်ီ...Where stories live. Discover now