Unicode...
Note : အရင်ဆုံး အမြွှာရှာပုံတော်လေး Vote 1K ပြည့်သွားတဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်🙆🏻♀️❣
Updateမမှန်နိုင်ခဲ့တဲ့အချိန်တွေရှိတာတောင် ခုချိန်ထိလိုက်ပါပေးကြတဲ့ စာဖတ်သူတစ်ယောက်ချင်းစီကို အာဘွားတစ်သိန်းပါရှင့်😘😘
အောက်မှာရေးရင် မဖတ်ကြမှာစိုးလို့ အပေါ်တက်ရေးတာ ဟီးဟီး😁.................................
မိုးအံ့ကိုကိုနှင့် သာမိုးဈာန်တို့ ပုဂံမြို့ဟောင်းကိုလိုက်လာခဲ့ကြသည်။ အချိန်တိကျလွန်းတတ်သော Fengက သူတို့ရောက်ခါနီးတွင် ညစာအဆင်သင့်ဖြစ်အောင်ပြင်ဆင်ခိုင်းထား၏။
လက်ညိုးထိုးမလွဲ စေတီပုထိုးများ၊ သစ်ပင်ခြံနွယ်များနှင့် မြေနီလမ်းတို့ လှပတင့်တယ်စွာနေရာယူထားသော ပုဂံမြို့ဟောင်းတွင် ဝင်လုဆဲနေမင်းနီနီက ပို၍ခမ်းနားစေရန် အားဖြည့်ပေးထားသလို။
ထိုမြင်ကွင်းများကို အပေါ်စီးကနေမြင်နိုင်သော ဟိုတယ်၏အပေါ်ဆုံးထပ်တွင် ညစာစားပွဲကို ခင်းကျင်းထားလေသည်။ မှိုင်းညို့နှင့် Fengတို့က အသင့်ပြင်၍ မိုးအံ့တို့အလာကိုစောင့်နေကြသည်။
ပုစွန်ဆီရောင်ကောင်းကင်ကြီးနှင့် ပုဂံမြို့ဟောင်းတို့ကို နေမင်းကြီးက ကျောခိုင်းကာ အလုံးစုံတိမ်မြုပ်ပျောက်ကွယ်သွားချိန်မှ မိုးအံ့တို့ရောက်လာသည်။ မိုးအံ့ရော သာမိုးဈာန်ပါ ရှပ်အင်္ကျီလက်ရှည်အဖြူနှင့် ပုဆိုးအညိုရောင်ကိုယ်စီဝတ်ထားကြသည်။
"ရောက်လာပြီလား ထိုင်ကြထိုင်ကြ"
မှိုင်းညို့ကဦးဆောင်ပြီး ထိုင်ခိုင်းတော့ စားပွဲ၏တစ်ဖက်တွင် မိုးအံ့နှင့်သာမိုးဈာန်တို့ နေရာယူလိုက်သည်။ မျက်နှာချင်းဆိုင်တွင်တော့ Fengနှင့် မှိုင်းညို့တို့ဝင်ထိုင်ကြ၏။
Fengက အချက်ပြလိုက်တော့ အသင့်စောင့်ဆိုင်းနေသော Waiterများက ဟင်းပွဲများကို ယူလာပေးကြသည်။
"ကိုကိုသာမိုးဈာန် ကျွန်တော့်ကိုမှတ်မိတယ်မလား"
မှိုင်းညို့ကအရင် စကားဝိုင်းကိုစလိုက်သည်။ သာမိုးဈာန်က ပြုံးပြီးခေါင်းညိတ်ပြသည်။
YOU ARE READING
အမြွှာရှာပုံတော်မှ အစချီ... | အႁမႊာရွာပုံေတာ္မွ အစခ်ီ...
General Fictionဘုံတလုတ်ရွာလေးက အလိမ်အညာဇာတ်လမ်းလေးတစ်ပုဒ်ဟာ လေးနက်တဲ့ချစ်ခြင်းတရားတစ်ခုအဖြစ် အသွင်ပြောင်းသွားတဲ့အခါ... ဘုံတလုတ်ရွာလေးက အလိမ်အညာဇာတ်လမ်းလေးတစ်ပုဒ်ဟာ လေးနက်တဲ့ချစ်ခြင်းတရားတစ်ခုအဖြစ် အသွင်ပြောင်းသွားတဲ့အခါ... First Chapter Published : Jul...