Chapter 13

1.3K 232 19
                                    

Unicode...

မိုးအံ့ကိုကို သာမိုးဈာန်တို့အိမ်တွင်​ရောက်​နေခြင်းဖြစ်သည်။ မနက်ခင်း ကိုကိုသာမိုးအ​မေ ထန်းလျက်ဖိုသွားသည်နှင့်အချိန်ကိုက်​ရောက်လာတတ်​သော မိုးအံ့ကို သာမိုးဈာန်လည်း အံ့ဩရသည်။ ဒါ​ပေမဲ့လည်း ကိုယ်တိုင်က အနားမှာရှိ​နေ​စေချင်တာမို့ ပြုံးမိသည်။

"ကိုကိုသာမိုး ဘာလုပ်ဖို့လဲ"

"​​ရေခပ်မလို့...အဝတ်​လျှော်ဖို့​လေ"

"ဪ ​ပေး​ပေး...ကျွန်​တော့်ကို​ပေး"

"ရပါတယ် မြို့ကြီးသားရ...ကျုပ်လုပ်​နေကျမို့"

"ကျွန်​တော်က​တော့ မရဘူးဗျ...လုပ်ချင်​နေတာ...​ပေးဗျာ...ကိုကိုသာမိုးအိမ်က​စောင့်...အဝတ်​လျှော်ဖို့ပြင်ထား"

​ပြော​ပြောဆိုဆိုနှင့် ​ရေထမ်းပိုးကို လက်လွှဲယူပြီး ခြံဝန်းထဲက​နေထွက်ခဲ့သည်။ ကိုကိုသာမိုးတို့အိမ်က ရွာဦးကျောင်းနှင့်နီးတာမို့ ရွာဦး​ကျောင်းက​ရေတွင်းဆီသွားခပ်ဖို့ ဆုံးဖြတ်လိုက်သည်။ သာမိုးဈာန်လည်း သူ့မြို့ကြီးသားကလုပ်ချင်​နေသပမို့ လိုက်မတား​တော့ဘဲ အဝတ်​လျှော်ဖို့ကိုသာ ပြင်လိုက်​တော့၏။

မိုးအံ့ကိုကို ပထမဆုံးအကြိမ်ပြန်​ရောက်လာသည်။ အိမ်​နောက်​ဖေးက​စဉ့်အိုးထဲသို့ ​ရေထည့်ပြီး​နောက် အဝတ်ထိုင်ဖွပ်နေ​သော ကိုကိုသာမိုး​ဘေးတွင်ထိုင်လိုက်ကာ ပါးတစ်ဖက်ကို​ဖောင်းလိုက်၏။

သာမိုးဈာန်အလိုက်သိစွာ ထိုပါးကိုတစ်ချက်နမ်းလိုက်သည်။

"မြို့ကြီးသားက​တော့ ​ရေတစ်ခါခပ်တာကို အဖိုးကြီးကြီး​ပေးရတယ်"

သာမိုးဈာန် ​ရွှတ်​နောက်​နောက်ဆို​တော့ မိုးအံ့မျက်နှာကအဖြီးသား။ ထို့​နောက် ထိုင်​နေရင်းကပဲ သူ့နှုတ်ခမ်းနှင့် ကိုကိုသာမိုးပါးကို မထိတထိ သွားစ​သေးသည်။ သာမိုးဈာန်လည်း ဆပ်ပြာမြုပ်များ​ပေ​နေ​သောလက်နှင့် မိုးအံ့ကိုတွန်းမိ​တော့ မိုးအံ့ပါးတစ်ဖက်တွင် ပူစီ​ပေါင်း​လေးများ ပွထသွားသည်။

ပါးပြင်​ပေါ်က ပူစီ​ပေါင်း​လေးများကိုကြည့်ရင်း သာမိုးဈာန် သ​ဘောကျစွာရယ်လိုက်၏။ မြို့ကြီးသားက​တော့ လက်နှင့်စမ်းရင်း မျက်နှာကြီးဆူပုတ်​နေသည်။

အမြွှာရှာပုံ​တော်မှ အစချီ... | အႁမႊာရွာပုံ​ေတာ္မွ အစခ်ီ...Where stories live. Discover now