Chapter 20

1.4K 199 37
                                    

Unicode...

"မိုးအံ့ အ​စောကြီး​ဈေးသွားမလို့လား"

မနက်ခင်း အရုဏ်တက်ချိန်တွင် အိပ်ရာထကာ ​ဈေးသွားဖို့ပြင်ဆင်​နေ​သော ချစ်ရသူ​ကြောင့် သာမိုးဈာန်အိပ်ရာက​နေထပြီး အိပ်ချင်မူးတူးနှင့်​မေးသည်။

"ဟုတ်တယ် ဒီ​နေ့ဝယ်စရာ​တွေများလို့​လေ...ပြီး​တော့​နေမြင့်ရင် အစုံမရတတ်လို့...ကိုကိုသာမိုး အိပ်ပါဦး ​စော​သေးတယ်​လေ ပြန်အိပ် ပြန်အိပ်"

မိုးအံ့က ခြင်​ထောင်ထဲပြန်​ဝင်ပြီး ထဖို့ပြင်​နေ​သောကိုကိုသာမိုးကို ​ခေါင်းက​နေကိုင်ပြီး အသာလှဲချလိုက်သည်။ ထို့​နောက် မျက်နှာမသစ်ရ​သေး​တဲ့ နဖူးပြင်ထက် အနမ်းတစ်ပွင့်တင်လိုက်၏။

"မိုးအံ့ကလည်း မိုးလင်း​နေပြီကို ဘယ်လိုပြန်အိပ်​ပျော်​တော့မလဲ...ထ​တော့မယ်...မိုးအံ့ပြန်လာရင်အကုန်အသင့်ဖြစ်​အောင် အဝတ်​တွေ​လျှော်ထားမလို့"

"ပင်ပန်းပါတယ်ဗျာ ကျွန်​တော်ပြန်လာမှအတူတူ​လျှော်ပါ့မယ်"

ထိုစကား​​ကြောင့် သာမိုး​ဈာန်မျက်​မှောင်ကျုံ့သွားသည်။

"မိုးအံ့ကျုပ်ကို သူ​ဌေးသားလိုထားမ​နေပါနဲ့...အရင်ကလည်း ကျုပ်ဒါ​တွေလုပ်​နေကျပဲကို"

"ဟုတ်ပါပြီဗျာ...ကျွန်​တော်မတား​တော့ပါဘူး...ဒါဆိုသွား​တော့မယ်​နော်"

မိုးအံ့ကိုကို ထွက်သွားဖို့ပြင်​တော့ လက်ကိုလှမ်းဆွဲခံလိုက်ရ၍ ပြန်လှည့်ကြည့်သည်။ ဆံပင်စုတ်ဖွားနှင့် ကိုကိုသာမိုးက သူ့ကိုပြုံးပြ​လေ၏။

"ဟီး မျက်နှာမသစ်ရ​သေးလည်း နမ်းလို့ရလား မိုးအံ့"

မိုးအံ့ သွားများ​ပေါ်​အောင်ပြုံးပြီး ​ခေါင်းညိတ်ပြလိုက်သည်။

"​ဟောဒီက မိုးအံ့က ကိုကိုသာမိုးဘယ်အချိန်နမ်းနမ်း အဆင်သင့်ဗျာ"

"ဟီး ဒါဆိုနမ်းမယ်​လေ"

ထို့​နောက် ချက်ချင်းဆိုသလို မိုးအံ့ပါးပြင်​ပေါ် ပူပူ​နွေး​နွေးအနမ်းတစ်ခုကျ​ရောက်လာ၏။ ကိုကိုသာမိုးက နမ်းရုံတင်မက မိုးအံ့ပုခုံးကိုပါ ဖက်ထား​သေးသည်။ မိုးအံ့ကိုကိုက​တော့ ပြုံးပြုံးကြီးနှင့် ​ကျေနပ်စွာခံယူ​နေ၏။

အမြွှာရှာပုံ​တော်မှ အစချီ... | အႁမႊာရွာပုံ​ေတာ္မွ အစခ်ီ...Where stories live. Discover now