'Hobbiton Village' ရဲ့ စိမ်းလန်းစိုပြေတဲ့မြက်ခင်းပြင်ကြီးရဲ့တစ်နေရာပေါ်တွင် ပြေးလွှားလို့နေကြသော လူငယ်လေးနှစ်ယောက်...
"ဟားဟား မှီအောင်လိုက်လေ ဘယ်လိုလဲ?"
"မင်း! သေဖို့သာပြင်ထား!"
"အပြောမကြီးနဲ့။ အရင်မှီအောင်သာလိုက်စမ်းပါ"
"မိပြီကွ"
အချင်းချင်းစနောက်ကာရယ်မောသံများ၊ လှောင်ရယ်သံများနောက်မကြာမှီပင်၊ အရွယ်အစားမတိမ်းမယိမ်းရှိတဲ့ကောင်လေးနှစ်ယောက်ဟာ မြက်ခင်းစိမ်းပြင်ပေါ်သို့ ဘေးချင်းယှဥ်လျက်လဲကျလို့သွားသည်။
"ဟော ဟဲ"
"ဟူး မောလိုက်တာကွာ"
"မေယိုး! အဲလိုမောအောင် မင်းပဲလုပ်တာလေ"
"ဟားဟား..."
ဘေးချင်းကပ်လဲလျောင်းနေကြရင်းမှ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ စကားနာထိုးလို့ရယ်မောမိကြသည်။ ပြီးနောက် ကိုယ့်လက်မောင်းပေါ်ကိုယ်ခေါင်းအုံး၍ ဟိုးအဝေးမှာရှိတဲ့မိုးကုပ်စက်ဝိုင်းတွေဆီကိုငေးကြည့်မိကြသည်။
Hobbiton (ဟော်ဘီတန်) ရွာလေးရဲ့ နေဝင်ရီတရောအလှက အရင်လိုပင် ရင်သက်ရှုမောဖွယ်ကောင်းလောက်အောင် အမြဲလိုလိုလှပနေဆဲ။ ထိုမြင်ကွင်းဟာ သူတို့အတွက်တော့ ဘယ်တော့မှမရိုးနိုင်မဲ့ အရာလေးတစ်ခုပေါ့။
"ဟေး အဲရစ် နဲ့ ဂျက်ခ်! Come In! Dinner Time"
မရိုးနိုင်တဲ့သဘာဝတရားရဲ့အလှကို ငေးကြည့်နေရသည်မှာပင်,သိပ်မကြာလိုက်။ သူတို့လဲလျောင်းနေကြတဲ့ တောင်ပို့မို့မို့လေးနဲ့သိပ်မလှမ်းတဲ့နေရာ။ ထိုနေရာလေးမှာရှိတဲ့၊ အိမ်ခေါင်မိုးပေါ်မှာမြက်ခင်းပြင်များဖြင့်ဖုံးလွှမ်းကာ ဆောက်လုပ်ထားတဲ့ အိမ်လေးထဲကနေ မာမွတ်စ်ရဲ့ခေါ်သံကိုကြားလိုက်ရသည်။
ထိုခေါ်သံကိုကြားလိုက်ရသည်နှင့် မတိုင်ပင်ပါဘဲ ကောင်လေးနှစ်ယောက်၏မျက်နှာများဟာရှုံ့မဲ့သွားကြတယ်။ သို့သော် လဲလျောင်းနေကြရာမှ ကပျာကယာပင်ကုန်းရုန်းထ၍ အိမ်ကလေးထဲသို့ အပြိုင်အဆိုင်ပြေးဝင်သွားကြတယ်။
![](https://img.wattpad.com/cover/272595674-288-k396877.jpg)
YOU ARE READING
𝙴𝙻𝚈𝚂𝙸𝚄𝙼 (hiatus)
Romance"Where do you wanna live the most?" He asked. "A place where you are..." I whispered, staring at him. Then, I felt him grin. <<Elysium : မင်းရှိတဲ့နေရာက Paradise>> *MAIN COUPLE: The Crown Prince & his bodyguard Alexandros Patrick Edison...