~
~
~
ဆံပင်အနီရောင်နဲ့၊ အညိုရောင်ဆံနွယ်ခွေတွေကို ပိုင်ဆိုင်ထားတဲ့ လူငယ်လေးနှစ်ယောက်။ နှစ်ယောက်သား ပခုံးကိုယ်စီဖက်လို့၊ Hobbiton ရွာလေးရဲ့လမ်းမတစ်လျှောက်ကနေ အိမ်ဆီသို့ ခြေလှမ်းများက ယိုင်တိုင်တိုင်ဖြင့်။"အေ့... "
"ဟ့"
"မင်း! မင်း... သောက်ကောင်! E r i c"
"ချီးကောင်! အေ့... မင်း... ငါ့ လာ မ ဆဲ နဲ့!"
"အေ့............. ဆဲ မှာ ဘဲ ကွာ.....မင်း ကြောင့်! မင်း ကြောင့်.... ဟင့်"
"အေ့"
"မင်းကြောင့် မာမွတ်စ်ဆီ ပြန်အပ်ရမဲ့ ပိုက် ဆံ တွေ အကုန် ပြောင် သွား ပြီ"
"ဟီး......အေ့! သူ ငယ် ချင်း က လဲ ကွာ"
"-ီး.... ခု မှ သူငယ်ချင်း မ နေ နဲ့!"
"......"
"ငါ... ငါ အိမ် မ ပြန် ရဲ တော့ ဘူး... "
"......"
"မာမွတ်စ် ငါ့ ကို ရိုက် မှာ.... ဟီးအီး"
ရွာလယ်လမ်းမပေါ်မှာ မျက်ရည်မထွက်ဘဲ တဟီးဟီး အော်ငိုနေတဲ့ ဆံနီကောင်ကိုစောင့်ရင်း၊ အဲရစ် သိပ် စိတ်မရှည်တော့။ နဂိုကမှ စိတ်ရှည်လွန်းလှတဲ့သူ့ကို အနှီ ငနဲကောင်က အာရုံလာစားနေသည်။
ဖြစ်ပုံက ဒီလို။ ယနေ့ညနေ Matamata မြို့ထဲရှိ မြင်းစီးကလပ်တွင် ကျောင်းကကောင်တွေနဲ့ချိန်း၍ သူတို့ မြင်းစီးပြိုင်ခဲ့ကြသည်။
ဂျိမ်းစ်,ကောင်လေးကို မြင်းစီးသင်ခိုင်းပြီးနောက်၊ ခုပါနဲ့ဆို သုံးကြိမ်မြောက်လား၊ လေးကြိမ်မြောက်လား။
မြင်းစီးပြိုင်လိုက်၊ ပွဲလောင်းလိုက်နဲ့ လုပ်နေခဲ့သည်မှာ ဒီတစ်ခေါက်တော့ အထိနာခဲ့ပြီ။
မဟုတ်တဲ့နေရာမှာဆို ဆိုးတူဆိုးဖက်ဖြစ်တဲ့ ဂျက်ခ်ကလဲ သူနဲ့အတူ လိုက်ပါနေကြပင်။ ဒီနေ့မှာတော့ ကံဆိုးစွာပင် ဘီယာဖိုးကောက်ခဲ့တဲ့ ပိုက်ဆံတွေပါ အကုန်ပါ၍ လောင်းကစား ရှုံးခဲ့လေသည်။
YOU ARE READING
𝙴𝙻𝚈𝚂𝙸𝚄𝙼 (hiatus)
Romance"Where do you wanna live the most?" He asked. "A place where you are..." I whispered, staring at him. Then, I felt him grin. <<Elysium : မင်းရှိတဲ့နေရာက Paradise>> *MAIN COUPLE: The Crown Prince & his bodyguard Alexandros Patrick Edison...