10 - Don't Shy

239 15 0
                                    

အိမ်က သိုလှောင်အိမ်ထဲမှ ဘီယာအိုးတွေကိုယူလာပြီး၊ အဲရစ်တို့တွေ ​Inn ထဲသို့ရောက်လာကြသည်။ အခုလိုကျတော့လဲ လူရိုင်းကောင်လေးဂျိမ်းစ်ဟာ အေးအေးဆေးဆေးနဲ့လိုက်လာသားဘဲ။

အင်းထဲက အခန်းတစ်ခုချင်းစီမှာတော့ မီးရောင်ဝါဝါလေးများ၊ မီးအိမ်ငယ်များနဲ့အပြိုင်အဆိုင်ထွန်းလင်းတောက်ပနေသည်။ ပွဲတော်ညဖြစ်လို့ စိမ်းလန်းတဲ့မြေကွက်လပ်ကျယ်ကြီးရှိ၊ ယာယီတဲကြီးတစ်ခုအတွင်းမှာ လူတွေပြည့်နှက်နေကြသည်။

ဝိုင်းကိုယ်စီနဲ့မဟုတ်ဘဲ စားပွဲရှည်ကြီးတစ်ခုထဲမှာတင် စားစရာမျိုးစုံကိုခင်းကျင်းထားပြီး၊ ဘေးနားမှာတော့ ကြီးမားတဲ့ဘီယာစည်ကြီးက တည်ရှိနေသည်။

အဲဒါကြောင့် နဂိုကခပ်အေးအေးသမားတွေပင် ယခုညမှာတော့ ဘီယာခွက်ကိုယ်စီကိုင်ဆောင်လို့၊ ဘေးတစ်ဝိုက်ကလူတွေနဲ့ စကားဖောင်ဖွဲ့လို့နေလေတယ်။

လွတ်လွတ်လပ်လပ်ဟားတိုက်ရီမောကာ ပျော်ရွှင်နေကြတဲ့လူအုပ်ကြီးကိုငေးကြည့်ပြီး မသိလိုက်ပါဘဲ အဲရစ်ကိုယ်တိုင်လဲ ပြုံးမိသွားရတယ်။

"အထဲ သွားချင်လို့လား?"

"ဟင်"

အဲရစ်ရဲ့ဖြစ်အင်ကိုရိပ်မိသွားလို့ထင်တယ်။ ဂျိမ်းစ်ဆီမှ ထိုမေးခွန်းက ထွက်ပေါ်လာတယ်။

"မဟုတ်ပါဘူး ဒီအတိုင်းပဲ"

"အင်း"

"လာ...ငါ့နောက်လိုက်ခဲ့။ မင်း နှစ်သက်လောက်မယ့် အေးအေးဆေးဆေးနေရာတစ်ခုရှိတယ်"

ထိုလူအုပ်ကြီးနဲ့ တော်တော်လှမ်းလှမ်းတစ်နေရာ၊ တည်းခိုအိမ်ငယ်လေးများ ခပ်ကျဲကျဲသာရှိသောနေရာမှာ ရေကန်ငယ်လေးတစ်ခုရှိသည်။ ထိုနေရာသို့ရောက်အောင်သွားလိုက်ပြီး၊ ကန်ဘောင်ထက်ရှိခပ်ပြေပြေနေရာတစ်ခုမှာ သူတို့နှစ်ယောက် ဝင်ထိုင်လိုက်ကြသည်။

"ရော့.... ချီးယားစ်"

"ချီးယားစ်"

ဘီယာခွက်ကိုမြှောက်လို့ ဂျိမ်းစ်ဆီလှမ်းလိုက်တော့ အလိုက်တသိပဲ ပြန်ပြီးတုံ့ပြန်လာတယ်။ ဟိုတစ်ခေါက်က ဘီယာသင်ခန်းစာကြောင့်ထင်၊ ယခုလက်ရှိဂျိမ်းမ်ဟာ အလွန်တည်ငြိမ်နေတယ်။

𝙴𝙻𝚈𝚂𝙸𝚄𝙼 (hiatus)Where stories live. Discover now