Hobbiton Beer Festival နေ့။
ယခုနှစ်က တစ်မူထူးခြားလှစွာ 'International Hobbit Day' နဲ့ Beer Festival နေ့ဟာ တစ်ထပ်တည်းကျနေသည်။ ဒါကြောင့် ယနေ့မှာဆိုရင် 'The Lord of the Rings' ဇာတ်ကားရဲ့ဖန်များ၊ အခုမှ Matamata မြို့ကနေ ရောက်လာတဲ့လူတွေကော၊ ပွဲတော်မတိုင်ခင်ကတည်းက Inn မှာတည်းနေသောလူများနဲ့၊ ရွာလမ်းမတစ်လျှောက် ပျားပန်းခတ်မျှ စည်ကားနေသည်။
ဒီလိုစည်ကားသိုက်မြိုက်လှတဲ့ပွဲတော်နေ့ကို မဆင်နွှဲလိုက်ရဘူးဆိုလျှင် သေချာပေါက် အဲရစ်နဲ့ဂျက်ခ်ဟာ မပျော်ရွှင်နိုင်ဖြစ်မိမှာမို့၊ ညနေခင်းအချိန်ကတည်းကပင် အိမ်ထဲကနေထွက်လာခဲ့ကြသည်။
သူတို့နဲ့တစ်ပြိုင်တည်းလိုလိုပင် တစ်ဖက်ခြံမှ အိုလီဗီယာတို့မောင်နှမက ထွက်လာသည်ကိုတွေ့လိုက်ရတာကြောင့်...
"အိုလီဗီယာ ဒီနေ့သိပ်လှနေပါလား...ဟေ့"
အဖြူရောင်ဂါဝန်ရှည်ကိုဝတ်ဆင်ထားပြီး၊ ခါးတစ်ဝိုက်မှာ တင်းတင်းကျပ်ကျပ်ချည်ထားတဲ့ကြိုးမည်းလေးတွေကြောင့်၊ အိုလီဗီယာရဲ့ကိုယ်အချိုးအစားဟာ လှလှပပနဲ့ကြွရွလို့နေတယ်။
ရောင်စုံတောပန်းလေးတွေကို သီကာကုံးထားတဲ့ပန်းကုံးကို ခေါင်းပေါ်မှာတင်ထားတဲ့ အိုလီဗီယာဟာ အဲရစ်ပြောတာကိုကြားပြီး ပြုံးပြလာတယ်။
"အဟင်း...ကျေးဇူး"
"ဟုတ်တယ်မလား နော့.. ဂျက်ခ်"
"အော် အေး အေး"
အဲရစ် ထောက်ပေးလိုက်တဲ့စကားအတိုင်း အူကြောင်ကြောင်နဲ့လိုက်ပြောလာတဲ့ ဂျက်ခ်ကိုကြည့်ပြီး၊ စိတ်ထဲကနေသာ လှောင်ရီလိုက်မိသည်။ ဂျက်ခ်ရဲ့ဒီလိုပုံစံနဲ့တော့ ခပ်သွက်သွက်အိုလီဗီယာနောက်သို့ ဘယ်တော့ပါမလဲ မပြောတတ်ဘူး။
"ဂျက်ခ် ညကျရင်လေ..."
"အင်း?"
"ငါတို့အတူတူကကြမလား ဟင်"
"ဟမ်"
"ကဲကဲ လီယို...မင်းအဲမှာ ဘာရပ်လုပ်နေတာတုန်း။ လာလေ ငါတို့အရင်သွားကြမယ်"

YOU ARE READING
𝙴𝙻𝚈𝚂𝙸𝚄𝙼 (hiatus)
Storie d'amore"Where do you wanna live the most?" He asked. "A place where you are..." I whispered, staring at him. Then, I felt him grin. <<Elysium : မင်းရှိတဲ့နေရာက Paradise>> *MAIN COUPLE: The Crown Prince & his bodyguard Alexandros Patrick Edison...