2 - Exchange with dried Beef

455 24 2
                                    

"ဂျက်ခ်"

"အေး"

"ဒီနေ့ ဘာအစီအစဉ်ရှိလဲ?"

သူ့ရဲ့မေးခွန်းဆုံးတာနှင့် ဂျက်ခ်ကချက်ချင်းလှည့်ကြည့်လာသည်။ မျက်ခုံးတစ်ဖက်ပင့်လျက်သားဖြင့် ပြန်ပြောလာတာက...

"မင်း ဘာလုပ်မလို့လဲ?"

"ရွာထဲ လျှောက်သွားကြမယ်လေ"

"ရပြီ တော်တော့။ ငါ ဒီနေ့တော့လုပ်စရာရှိတယ်ဟ။ မာမွတ်စ်က ပြောထားတယ်။ ဒီနေ့တော့အိမ်မှာပဲနေပြီး စာလုပ်တဲ့"

"ဟာ မင်းကလဲ!"

ပြောလာတာကိုကြားပြီး ထိုလူဟာဂျက်ခ်မှ ဟုတ်ရဲ့လားဆိုတာကို သေချာစဥ်းစားယူရတဲ့အထိပင်။ အဲရစ်နဲ့မွှေဖက်မွှေဖက်ဖြစ်တဲ့ ဒီကောင် ဂျက်ခ်ကို၊ မာမွတ်စ် မြို့ထဲသို့သွားတဲ့အချိန်လေးမှာ ရွာထဲလျှောက်လိမ့်မလားလို့ အဖော်စပ်မိပါတယ်။ ခုတော့ လှလှပပကိုအငြင်းခံလိုက်ရပါလား။

မာမွတ်စ် မျက်နှာပဲတစ်မျက်နှာထင်တဲ့ကောင်! မလိုက်နဲ့! အေး ရတယ် ငါ့ဘာငါပဲသွားတာပေါ့။

"ဘေးနားမှာ အဲဒီလိုမသာမယာမျက်နှာပေးကြီးနဲ့ နေနေမဲ့အစား ငါ့ညီကိုပဲသွားခေါ်လိုက်ပါလား"

"ဟင်"

"အေး ဂျိမ်းစ် ကတော့အားလောက်မယ်ထင်တယ်။ သူတို့အတန်းငယ်တွေရဲ့စာမေးပွဲက ရှေ့အပတ်ကတင် ပြီးသွားပြီလေ"

"ငါ သွားတော့ခေါ်ကြည့်လိုက်အုံးမယ်"

ပြောပြီးတာနဲ့ ဂျက်ခ်ကိုကျောခိုင်းလာလိုက်တယ်။ ဒီအိမ်ငယ်လေးထဲမှာ သူရယ်၊ ဂျက်ခ်ရယ် ၊ ဂျိမ်းစ်ရယ် နဲ့ မာမွတ်စ်တို့အတူတကွနေထိုင်လာခဲ့သည်မှာ နှစ်တွေတောင်အတော်ကြာနေပြီ။

အမြဲလိုလိုတစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ်နေရတာကိုနှစ်ခြိုက်တဲ့ဟန်ရှိတဲ့ ဂျိမ်းစ်ဟာ သူတို့နဲ့အရောတဝင်နေလေ့မရှိဘူး။ ထပ်ခိုးအခန်းငယ်လေးတွင်းမှာပဲ အောင်းနေတာများတယ်။ ထူးဆန်းလှစွာ ထိုအရာကို မာမွတ်စ်ကလဲ အထူးအထွေဆိုပြီး ဘာမှတော့မပြော။

"ဒေါက် ဒေါက်"

"...."

"ဂျိမ်းစ်"

𝙴𝙻𝚈𝚂𝙸𝚄𝙼 (hiatus)Where stories live. Discover now