19 - Back to England (S1 - END)

213 15 0
                                    

မာမွတ်စ်...အရှေ့မှာ တည်တည်ငြိမ်ငြိမ်နဲ့ထိုင်နေတဲ့ လူငယ်လေးကိုမေးခွန်းထုတ်လိုက်သည်။

"အားလုံး မှတ်မိနေတာလား?"

"......"

"အတိတ်မေ့သွားတယ်ပဲ ထင်ခဲ့တာ"

"......."

"ဂျိမ်းစ် ... NO မဟုတ်ဘူး! Prince Alexandros"

"အရင်လိုပဲဆက်ဆံပါ"

"......"

"...ပါမောက္ခ စတီဗင်"

"နာမည်ကအစ အတိအကျကို မှတ်မိနေတာပါပဲလား? မင်းသားရဲ့ညဏ်ပညာမြင့်မားမှုကို ငယ်ကတည်းက သတိထားမိပေမဲ့...ထိုကိစ္စတွေဖြစ်ပွားခဲ့တာတောင်၊ ယခုထိ မှတ်မိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"

"ဦးနှောက်ကရှင်သန်နေသရွေ့ မှတ်ညဏ်တွေက တိမ်ကောသွားမှာမဟုတ်ဘူး"

"......"

"သူများတွေအတွက်က ဘယ်လိုလဲမသိပေမဲ့ မေ့ပစ်ဖို့ မဖြစ်နိုင်ဘူး"

သူ့ရှေ့မှာ စကားတစ်ခွန်းချင်းစီကို တည်ငြိမ်အေးဆေးစွာပြောနေသောလူငယ်လေးက တကယ်တော့ ဆယ့်ရှစ်နှစ်တောင် မပြည့်သေးဘူး။ ဒါပေမဲ့ ပြောဟန်ဆိုဟန်အမူအရာမှစသည် ကိုယ်နေဟန်ထားအထိ ရင့်ကျက်တည်ငြိမ်နေမှုက တစ်ခြားသောဆယ်ကျော်သက်တွေနဲ့ကို မတူဘူး။

"England ကိုပြန်ဖို့ဆုံးဖြတ်ပြီးသွားပြီ"

"ဟင်...မင်းရဲ့မွေးမိခင်ကိုမှတ်မိသေးပါရဲ့လား? သူမဆီမှာ ပေးထားဖူးတဲ့ ကတိရှိတယ်။ သူမက မင်းကို သာမန်ဘဝမှာပဲနေပြီး အေးအေးချမ်းချမ်းနဲဲ့ကြီးပြင်းလာစေချင်တယ်တဲ့။ အဲကတိကြောင့် ဒီနှစ်တွေထဲ အကောင်းဆုံးကြိုးစားပြီးပုန်းရှောင်ခဲ့ပေမဲ့၊ ညံ့ဖျင်းမှုကြောင့် မကာကွယ်ပေးနိုင်ခဲ့ဘူး"

ပြောပြီးတာနှင့် စတီဗင် မျက်နှာထက်ကပါးလျတဲ့အရေပြားလွှာကို ဖယ်ခွာလိုက်သည်။ ထိုမုတ်ဆိတ်မွှေးများ၊ နှုတ်ခမ်းမွှေးဖြူဖြူများကိုဖယ်ရှားလိုက်ပြီးနောက်၊ ထွက်ပေါ်လာတာက အသားဖြူဖြူနဲ့ခန့်ညားသော လူလတ်ပိုင်းအမျိုးသားတစ်ယောက်ရဲ့ပုံရိပ်။

𝙴𝙻𝚈𝚂𝙸𝚄𝙼 (hiatus)Where stories live. Discover now