ကိုယ်ကယိုင်ခနဲ ဖြစ်သွားမှ၊ သူ့ခန္ဓာကိုယ်ပေါ်ရောက်ရှိနေတဲ့ မရင်းနှီးသောပစ္စည်းတစ်ခုကို သတိထားမိသည်။ ထိုအရာက အနီရောင်အရည်တချို့ပါဝင်တဲ့ ဖန်ပုလင်းကျု့ပုံစံရှိသော လော့ကတ်သီးလေးပင်။
"ဟင်! ငါ့ဆွဲပြားရော?"
"ရှိတယ်"
"ဘယ်မှာလဲ? ပြီးတော့ ဒီဆွဲကြိုးက ဘယ်သူ့ဟာလဲ? ဘာလို့ ငါ့ကိုယ်ပေါ် ရောက်နေတာလဲ?"
ရင်ဘတ်ပေါ်မှာဖေးတင်နေတဲ့ သွေးရည်ခြယ်,ဆွဲကြိုးကိုယူ၍၊ ဂျိမ်းစ်ဆီ လှမ်းမေးလိုက်သည်။ ဂျိမ်းစ်က သူ့ကိုဆက်ပြောသည်။
"ဒီဆွဲကြိုးကို အမြဲဆွဲထား"
"မင်းလား? မင်း ပေးတာလား?"
"အင်း"
"ဒါဆို ကိုယ်ရံတော်တွေရဲ့အမှတ်အသား၊ ဆွဲပြားကရော? ဂျိမ်းစ် ငါတို့မှာ စည်းမျဥ်းရှိတယ်။ အနီးကပ်,သက်တော်စောင့်တိုင်းက အချိန်ပြည့် အဲဒါကို ဆွဲထားရမှာ"
"......"
"ဒီလို လုပ်ပါလား"
"မင်း ပေးတဲ့ ဒီဆွဲကြိုးကို ငါ သေချာသိမ်းထားမယ်။ ကိုယ်ရံတော်ဆွဲပြားကတော့ ချွတ်ထားလို့မရဘူး။ မဟုတ်ရင် ငါ ခေါင်းဆောင်နဲ့ ပြောခံထိ...ဟင်"
ပြောနေရင်းနဲ့ပင် ဂျိမ်းစ် ပွေ့ဖက်ထားပေးရာမှ ရုန်းထွက်လိုက်သည်။ ကိုယ့်ကိုယ်ကို မတ်မတ်ရပ်နိုင်အောင်ကြိုးစားရင်း၊ ဂျိမ်းစ်ကိုကြည့်လိုက်တော့ အဲရစ်ရဲ့ပြောလက်စ,စကားတွေ ရပ်တန့်ကုန်၏။
ကြည့်နေရင်းနဲ့ပင် ဂျိမ်းစ်၏နှုတ်ခမ်းဖျားက သွေးမရှိတော့သကဲ့သို့။ ပိုမိုဖျော့တော့လာ၏။ ဒါ့အပြင် ...
YOU ARE READING
𝙴𝙻𝚈𝚂𝙸𝚄𝙼 (hiatus)
Roman d'amour"Where do you wanna live the most?" He asked. "A place where you are..." I whispered, staring at him. Then, I felt him grin. <<Elysium : မင်းရှိတဲ့နေရာက Paradise>> *MAIN COUPLE: The Crown Prince & his bodyguard Alexandros Patrick Edison...