ပုံမှန်ဆို တောတွင်းတိရစ္ဆာန်ငယ်လေးများရဲ့အသံကလွဲပြီး၊ တိတ်ဆိတ်လေ့ရှိသော Hobbiton ရွာလေးနံဘေးက တောအုပ်လေးအတွင်း ယခုတော့ဆူညံသံတစ်ချို့ကရှိနေသည်။
"အားထည့်ပြီး ခပ်ပြင်းပြင်းထိုးစမ်း !!!"
ဗုန်း ဗုန်း...
"ဒီ့ထက်ပိုပြီး အားမရှိတော့ဘူးလား!? အဲရစ်! မင်းက သုံးယောက်ထဲမှာအကြီးဆုံးလေ၊ အသန်မာဆုံးဖြစ်နေရမှာ... အခုတော့ အားပျော့လှချည်လား?"
"...."
"ဂျက်ခ်! အဲဒါဘာလုပ်နေတာလဲ... ရေသာခိုဖို့စဥ်းစားမယ်ဆိုရင် ဒီတစ်ပတ် ညစာစားခွင့်ကိုပိတ်မယ်"
"...."
"ဒီလောက်ဆိုရင် စံနှုန်းထပ်မြင့်လို့ရပြီထင်တယ်။ ဂျိမ်းစ်... 1kilo ထပ်တိုးပြီး ထပ်ပြေးအုံး!"
ကြီးမားလေးလံတဲ့ သဲအိတ်ကြီးကိုထိုးဖို့ဆိုတာက တကယ်တော့ သိပ်မလွယ်ဘူး။ ဒါပေမဲ့လဲ သူတို့တွေ အဘိုးအိုကြီးမာမွတ်စ်ပြောတာကို မလွန်ဆန်ရဲကြဘူး။ သုံးယောက်လုံးရဲ့နံဘေးမှာ ဟိုဒီလျှောက်လျက် သေချာသင်ပြပေးနေတဲ့ မာမွတ်စ်ဟာ သိပ်ကိုဖိအားပေးလွန်းတယ်။ ငယ်ကတည်းကနေအခုထိ မာမွတ်စ်ရဲ့ပြင်းထန်တဲ့လေ့ကျင့်ပေးမှုနဲ့ရင်းနှီးနေသော်ငြား ကျင့်သားတော့ မရနေဘူး။
အဲရစ် တစ်ခါတုန်းက မာမွတ်စ်ကို မေးကြည့်ဖူးတယ်။ 'ဒါတွေလုပ်နေတာ လိုအပ်သလားလို့' ?
ဟုတ်တယ်လေ..
သူတို့နေထိုင်ရာ Hobbiton ရွာလေးမှာ အများစုဟာ 'Hobbit (ဟော့ဘစ်)' လူမျိုးများနဲ့၊ 'Maori (မာအိုရီ)' လူမျိုးစုတွေသာ နေထိုင်ကြတယ်။ထိုအရပ်ပုပုလူမျိုးလေးတွေကြား၊ သူတို့လေးယောက်သာ တစ်မူထူးခြားလို့နေပေမဲ့ ဒါကိုလဲ ထိုရွာသားတွေဟာ အထူးအဆန်းမလုပ်ဘဲ နွေးထွေးရင်းနှီးစွာဆက်ဆံပေးကြသည်မှာ သူတို့ကြီးပြင်းလာရာသက်တမ်းတစ်လျှောက်ပင်။
အဲဒါကြောင့် လိုအပ်သလားလို့ မာမွတ်စ်ကိုမေးခဲ့ခြင်းပင်။ အဲတုန်းက မာမွတ်စ်ဟာ သူ့ကိုအတန်ကြာအောင်သေချာစိုက်ကြည့်ရင်း လေးလေးနက်နက်ပြန်ဖြေလာခဲ့တာက 'သိပ်ကိုလိုအပ်တယ်' တဲ့။
YOU ARE READING
𝙴𝙻𝚈𝚂𝙸𝚄𝙼 (hiatus)
Lãng mạn"Where do you wanna live the most?" He asked. "A place where you are..." I whispered, staring at him. Then, I felt him grin. <<Elysium : မင်းရှိတဲ့နေရာက Paradise>> *MAIN COUPLE: The Crown Prince & his bodyguard Alexandros Patrick Edison...