25 - Dangerous

216 15 4
                                    

".... အဲဒီတုန်းက ကားမောင်းခဲ့တဲ့ဒရိုင်ဘာကို ခြေရာခံမိပါပြီ။ ဒါက ခြေရာခံမိထားတဲ့ သက်သေအထောက်အထားတွေကိုစုထားတဲ့ Memory Card ပါ"

"ဒီနှစ်တွေထဲ တောက်လျှောက်စုံစမ်းခဲ့ရတဲ့ရလာဒ်က အကျိူးတော့မယုတ်စေဘူးပဲ"

"ဟုတ်ကဲ့။ ကျွန်တော်မျိုးတို့ဘာဆက်လုပ်ကြမလဲ မင်းသား"

"အဲဒီလူဆီ တိတ်တစ်ဆိတ်လူလွှတ်ပြီးစောင့်ကြည့်ခိုင်းပေးပါ Sivirus"

"ဟုတ်ကဲ့"

"အခုအခြေအနေနဲ့က သက်သေကိုရှာတွေ့တာတောင် ချက်ချင်းသွားမတွေ့နိုင်ဘူး... ကျစ်!!!"

'ဒေါက်... ဒေါက်'

စိတ်အလိုမကျတဲ့ဟန်နဲ့ ကျစ်စုတ်သံတစ်ခုထွက်လာပြီး သိပ်မကြာဘူး။ တံခါးခေါက်သံက ထွက်ပေါ်လာသည်။

"ဒီအကြောင်းတွေကို အဲရစ် မသိစေနဲ့!"

"ဟင်... ဒါကတော့... ဒီအကြောင်းတွေ အဲရစ်သိသင့်တယ်လို့ထင်ပါတယ်။ မင်းသားရဲ့အနီးကပ်သက်တော်စောင့်အနေနဲ့ ..."

"တောင်းဆိုတာပါ Sivirus. သူ့ကို ဒီအရှုပ်အထွေးတွေကြား မပါစေချင်ဘူး"

"နားလည်ပါပြီ မင်းသား"

....

"Rain ...ခင်ဗျားရောက်နေတာကြာပြီလား?"

"အင်း သိပ်တော့မကြာသေးပါဘူး"

အဲရစ် အခန်းထဲသို့ဝင်ဝင်လာချင်း လေထုကတစ်မျိုးထူးဆန်းနေတယ်လို့ ခံစားရသည်။ လွန်ခဲ့တဲ့နှစ်နာရီလောက်က ဂျိမ်းစ်ဆီမှ 'ကိစ္စတစ်ခုကိုကိုယ်စားသွားပြီးလုပ်ဆောင်ပေးနိုင်မလား' လို့တောင်းဆိုခြင်းခံခဲ့ရတယ်။

အဲဒါကြောင့် Rain တစ်ယောက်ရောက်လာခဲ့တာကို မသိလိုက်ရခြင်းပင်။ ဂျိမ်းစ်ရဲ့အခန်းတံခါးကိုခေါက်ခေါက်ချင်း Rain ကိုတွေ့လိုက်ရတော့ အံ့သြမိသွားရတယ်။

ပြီးတော့ မရည်ရွယ်ပါဘဲ Rain ရဲ့ဘယ်ဘက်ခြေထောက်ရှိရာဆီသို့ အကြည့်ကဝေ့ခနဲရောက်သွားမိတယ်။ ​ခြေလှမ်းတွေက သိပ်ပြီးဟန်ချက်မညီဖြစ်နေသော်ငြား သေချာသာသတိထားမကြည့်မိရင် ပုံမှန်လိုပဲမြင်ရလောက်အောင် ထိုအစားထိုးထားတဲ့ခြေတုတစ်ဖက်က အသုံးဝင်နေတဲ့ပုံပင်။

𝙴𝙻𝚈𝚂𝙸𝚄𝙼 (hiatus)Where stories live. Discover now