17 - Accidental Kiss

251 17 9
                                    

အပျော်လွန်ပြီး မြင်းပတ်စီးနေလိုက်တာ အချိန်ကိုသတိမထားမိလိုက်တဲ့ အဲရစ်တို့ အခုတော့ ခိုးကြောင်ခိုးဝှက်နဲ့ အိမ်ပြန်လာရပြီ။

ဘယ်သူမှမသိအောင် အိမ်ဘေးနားကသစ်ပင်ပေါ်အရင်တက်၊ ထိုကနေ အပေါ်ထပ်ဝရန်တာဆီသို့ တိတ်တဆိတ်ကျော်လွှားလာခဲ့ကြသည်။

"ဒီကောင်တွေ ဘယ်သွားနေပြန်ပြီလဲ မသိဘူး။ ဟွန်း ငါ့ကိုပစ်ထားကြတယ်။ တွေ့မယ် အဲရစ်! မင်း ပြန်လာရင် ငါနဲ့တွေ့မယ်"

သူတို့အခန်းရှိရာဆီသို့ သွားမည်အပြု ကြားလိုက်ရတာက ဂျက်ခ်ရဲ့အလိုမကျဖြစ်နေသံ။ သူ့နာမည်ကိုရေရွတ်နေရင်းနဲ့ပေါ့။ အခန်းရှေ့မှာ ဂျက်ခ်တစ်ယောက်က ရှိနေသေးတာမို့၊ အပြင်လှမ်းထွက်တော့မယ့်ဟန်ပြင်နေတဲ့ ဂျိမ်းစ်ရဲ့လက်ကိုလှမ်းဆွဲကာ တားလိုက်သည်။

ဝရန်တာငယ်လေးရဲ့ တစ်ဖက်တစ်ချက်ဆီမှာ ပန်းအိုးကြီးတစ်ခုစီရှိတယ်။ ထိုပန်းအိုးကြီးရဲ့ အရိပ်ကျရာ တံခါးရွက်ဘေးသို့တိုးဝင်လိုက်ပြီး ဂျိမ်းစ်ကိုပါ လှမ်းခေါ်လိုက်တယ်။ ထို့နောက် တီးတိုးစကားသံတစ်ချို့က ထွက်ပေါ်လာတယ်။

"ဘာ ဖြစ် လို့ လဲ?"

"ဟင်... အင်း အဲကောင်ဂျက်ခ်နဲ့ မလိုအပ်ဘဲ စကားမများချင်လို့လေ။ သိတဲ့အတိုင်း သူကအရမ်းပွားတာ... နားညည်းတယ်"

"အခုထိတောင် ပြန်မလာကြသေးဘူး။ ဘယ်နေရာတွေများ သွားနေကြသလဲ မသိဘူး။ အဲရစ်ကော ဂျိမ်းစ်ကော သစ္စာဖောက်တွေ.....!!!"

တစ်တွတ်တွတ်ပြောသံတွေကြားရင်းနဲ့ပင် ဝရန်တာဘက်ကိုလှမ်းလာတဲ့ ဂျက်ခ်ရဲ့ခြေသံတွေကို ကြားလိုက်ရသည်။ မိသွားရင် ပိုဆိုးမှာမို့ အဲရစ် စိတ်ရှုပ်ရှုပ်နဲ့ ခေါင်းတစ်ချက်ဖွလိုက်မိတယ်။ ထို့နောက် ပုန်းနေရာမှ ထွက်တော့မည်အပြု...

"အင့်.......!"

ရုတ်တရက် တံခါးရွက်နောက်သို့ ဆွဲသွင်းခြင်းကို ခံလိုက်ရပြီး၊ သူနဲ့မျက်နှာချင်းဆိုင် ဂျိမ်းစ်ဟာ အုပ်မိုးလာတယ်။

"ဘာလုပ်တာလဲ!"

"ရှူး...."

တံခါးရွက်နောက်က နေရာဟာ အလွန်ကျဥ်းတယ်။ လူတစ်ကိုယ်စာနေရာလေးထဲမှာ ဖက်လျက်သားရှိနေရတာက ဂျိမ်းစ်ကောင်လေးနဲ့ဆိုတော့ နေထိုင်ရပိုကြပ်လာတယ်။ ရုန်းထွက်လိုက်မယ်ပြင်လေ၊ ခါးထက်မှာပွေ့ဖက်ထားတဲ့လက်တွေဟာ ပိုပြီးတင်းကျပ်လာလေမို့ အဲရစ် စိတ်မသက်မသာဖြစ်လာရတယ်။

𝙴𝙻𝚈𝚂𝙸𝚄𝙼 (hiatus)Where stories live. Discover now