'ဖျောက် ဖျောက် ...'
ပြတင်းတံခါးပေါက်ကနေ အိမ်တံစက်မြိတ်တစ်လျှောက်မှာ စီးဆင်းကျနေတဲ့မိုးရေစက်များကိုကြည့်ရင်း၊ အဲရစ် သက်ပြင်းချလိုက်မိသည်။ သူ့နည်းတူပင် စိတ်ညစ်နေတဲ့အသံနဲ့ ဂျက်ခ်ကလဲ ဒီလိုလှမ်းမေးလာတယ်။
"ဘယ်လိုလုပ်ကြမလဲ?"
"ငါလဲမသိတော့ဘူး... သေချာတာကတော့ ဒီည ဒီမှာအိပ်ဖို့အဆင်မပြေဘူး"
ဒီအိမ်ငယ်လေးထဲမှာ အပေါ်ထပ်ကထပ်ခိုးအခန်းပါ, ပါဝင်မှ အခန်းသုံးခန်းသာရှိသည်။ အိမ်အောက်ထပ်၊ အိပ်ခန်းနှစ်ခန်းထဲက တစ်ခန်းမှာ မာမွတ်စ်ကနေထိုင်ပြီး၊ ကျန်အခန်းမှာ သူတို့နှစ်ယောက်နေကြတာဖြစ်တယ်။
မိုးတွင်းရောက်နေပြီဆိုပေမဲ့ သတိလက်မဲ့နေမိတဲ့အကျိုးအပြစ်ကြောင့် အခုတော့ဒီလိုခံစားရပြီ။ ဒီအခန်းရဲ့ခေါင်မိုးဖာဖို့ကို အဲရစ်တို့တွေ တစ်ယောက်မှ သတိမရကြဘူး။
"ငါ မာမွတ်စ်ရဲ့အခန်းသွားမယ်"
"ဟမ်"
"အေး မင်းကတော့ ဂျိမ်းစ် ရဲ့အခန်းသွားအိပ်"
"...."
"ငါ မာမွတ်စ်ဆီမှာ စာမေးစရာရှိတယ်။ အဲဒါကြောင့် ..."
"...."
"သွားပြီ ဟျောင့် ဘိုင့်ဘိုင်"
ယူစရာယူတာယူပြီးတာနဲ့ ချက်ချင်းပင်အခန်းထဲမှ ထွက်သွားသောဂျက်ခ်ကိုကြည့်ပြီး အဲရစ် ခေါင်းသာခါရမ်းမိသည်။ ချီးကောင်က အတော်ကိုအူမြူးနေတဲ့ပုံနဲ့ သီချင်းလေးပါညည်းသွားကာ သူ့ကိုလဲ လျှာထုတ်လို့ပြောင်ပြသွားသေးသည်။
ဟူး ဘယ်တတ်နိုင်ပါ့မလဲ !
ပေါက်နေတဲ့ခေါင်မိုးကနေ အခန်းလေးထဲတစ်စိမ့်စိမ့်ယိုစီးကျနေတဲ့ မိုးရေစက်များကြောင့် ဒီမှာ ဘယ်လိုမှအိပ်လို့ရနိုင်မယ်မထင်ဘူး။
အဲတော့ ဒီရက်ပိုင်းအတွင်း ဂျိမ်းစ် ဆိုတဲ့လူရိုင်းလေးဆီမှာ ကပ်နေရုံမှလွဲပြီး၊ တစ်ခြားနည်းလမ်းမရှိဘူး။
>>>>>>>>>>>>>>>>
"ဂျိမ်းစ်"
ဒီတစ်ခါတော့ အသံခပ်တိုးတိုးနဲ့သာခေါ်လိုက်သော်ငြား၊ အခန်းတံခါးက ချက်ချင်းပင်ပွင့်လာသည်။
YOU ARE READING
𝙴𝙻𝚈𝚂𝙸𝚄𝙼 (hiatus)
Romance"Where do you wanna live the most?" He asked. "A place where you are..." I whispered, staring at him. Then, I felt him grin. <<Elysium : မင်းရှိတဲ့နေရာက Paradise>> *MAIN COUPLE: The Crown Prince & his bodyguard Alexandros Patrick Edison...