ဖောင်း.....ဗုန်း....
"အရှိန်ပျော့လှချည်လား? ဂျိမ်းစ် ဘယ်လိုလဲ? ဒါက အားအကုန်ပဲလား?"
"အပြောမစောနဲ့ !"
ဒီနေ့ဟာ ကိုယ်ခံပညာပိုင်းနဲ့ပတ်သက်ပြီး စစ်ဆေးမဲ့နေ့တစ်နေ့။ ယခုလက်ရှိအခြေအနေအရ သတ်မှတ်ထားတဲ့နေရာတစ်ခုမှာ Training Suit ကိုယ်စီဝတ်ဆင်ထားတဲ့ အနက်ရောင်ပုံရိပ်နှစ်ခုက တစ်ယောက်လက်ကိုတစ်ယောက်ဖမ်းချုပ်ထားလို့၊ မျက်နှာချင်းဆိုင်ကာ တိုက်ခိုက်နေကြတဲ့ အနေအထားပင်။
ဒီစစ်ဆေးပွဲမှာ အဲရစ်နဲ့ မတိမ်းမယိမ်းအရွယ်ရှိတဲ့ဂျိမ်းစ်ကို တမင်တကာနေရာချပေးထားတဲ့ပုံပေါ်သည်။ တကယ်လဲ ဒီနှစ်တွေထဲမှာ ဂျက်ခ်နဲ့စာရင် ဂျိမ်းစ်ကောင်လေးက အများကြီးတိုးတက်လာသည်ပင်။
နားထင်စပ်နားမှာ ချွေးအနည်းငယ်စို့နေတဲ့ ကောင်လေးရဲ့နား,နားဆီသို့ တိုးကပ်သွားလိုက်ရင်း...
"ငါ့ကိုယှဥ်ဖို့ ကြိုးစားနေတာလား? ကျွတ်.. ကလေးကငယ်ပါသေးတယ်"
မခံချင်အောင်ပြောပြီးတာနှင့်၊ ဂျိမ်းစ်ရဲ့လက်တစ်ဖက်ကိုဆွဲလိမ်လိုက်ကာ နောက်ပြန်လှည့်ချုပ်ထားလိုက်သည်။ လျှပ်တပြက် သူ့ရဲ့လှုပ်ရှားမှုကြောင့်ထင်တယ်။ ဂျိမ်းစ်ဘက်က ခဏငြိမ်ကျသွားတယ်။
အဟက်... ဒီလိုချုပ်ထားတဲ့အခြေအနေနဲ့ ရုန်းလို့မှ မရတော့တာ... ပွဲပြီးအောင်စောင့်ရုံပဲ။
သဘောကျစိတ်နဲ့ နှုတ်ဖျားက ခပ်တိုးတိုးရယ်သံထွက်မိသွားသည်။ ထိုတော့မှ သူ့လက်မောင်းတွေကြားမှာ ငြိမ်သက်နေသောလူငယ်လေးထံမှ ရုတ်တရက်...
ဒုန်း.............!
ဖမ်းချုပ်ထားရာမှ လျိုထွက်သွားကာ ပခုံးပေါ်တင်၍ သူ့ကိုကိုင်ပေါက်ပစ်လိုက်ခြင်းကိုခံလိုက်ရသည်။ အရှိန်ပြင်းပြင်းနဲ့ မြေပြင်ပေါ်သို့ဆောင့်မိသွားခြင်းကြောင့် အဲရစ် ကျောပြင်မှာ အောင့်ခနဲ ခံစားလိုက်ရသည်။
ဒါပေမဲ့ ပွဲက ခုထိမပြီးသေးသည်မို့ ချက်ချင်းပြန်ထဖို့ရန်ပြင်လိုက်တယ်။ သို့သော် ခပ်လှမ်းလှမ်းမှာရှိနေတဲ့ ဂျိမ်းစ်က တစ်ပတ်ကျွမ်းပစ်၍ ရှေ့သို့ ချက်ချင်းရောက်ရှိလာကာ အပေါ်ကနေထပ်လျက် အားတစ်ခုနဲ့ဖိလာခဲ့တယ်။
YOU ARE READING
𝙴𝙻𝚈𝚂𝙸𝚄𝙼 (hiatus)
Romance"Where do you wanna live the most?" He asked. "A place where you are..." I whispered, staring at him. Then, I felt him grin. <<Elysium : မင်းရှိတဲ့နေရာက Paradise>> *MAIN COUPLE: The Crown Prince & his bodyguard Alexandros Patrick Edison...