22 - Let me be

256 16 6
                                    

'xxx လေယာဉ် မကြာခင်မှာ ထွက်ခွာပါတော့မယ်။ လန်ဒန်သို့သွားမည့်ခရီးသည်များ ကျေးဇူးပြု၍ အဆင်သင့်ပြင်ထားပေးကြပါ'

"ဟဲ လို"

"ဒါလင်..."

"......"

"ဒါလင့်ကို Emma စောင့်နေမယ်"

"နိုး... Emma! ကိုယ် ပွင့်ပွင့်လင်းလင်းပြောခဲ့ပြီးသားပဲ။ မစောင့်နေပါနဲ့!"

"......"

"ပြန်လာမယ်ဆိုတာ မသေချာလို့"

တီ...တီ...

Auckland လေဆိပ်မှ ကြေညာနေတဲ့အသံနဲ့ သိပ်မကွာဘူး။ ဖုန်းလာသံနဲ့ စကားပြောသံများက ထွက်ပေါ်လာသည်။ ပြီးတော့ ဖုန်းချလိုက်သံပါရောပေါ့။

ထို့နောက် အနက်ရောင် Luggage ကိုဆွဲလို့
လှိုင်းတွန့်ရိပ်အနည်းငယ်ထင်နေတဲ့ဆံပင်ရှိသော အရပ်မြင့်မြင့်၊ ခပ်ဖြောင့်ဖြောင့်လူငယ်တစ်ဦးက ဝင်ပေါက်သို့လှမ်းသွားပါတော့၏။

>>>>>>>>>>>>>>>>>>>

လန်ဒန်မြို့၊ လူခြေတိတ်ဆင်ခြေဖုံးရပ်ကွက်တစ်နေရာရှိ ခြံလေးတစ်ခု၏အရှေ့တွင်...

"ချလွင်....!"

ခြံရှေ့မှာရှိတဲ့ ခေါင်းလောင်းလေးကိုလှုပ်နေတာ အတော်ကိုကြာပေမဲ့ အထဲက မည်သူမှ ထွက်မလာဘူး။ သူ့လက်ထဲမှာကိုင်ထားတဲ့လိပ်စာကို သေချာပြန်စစ်ကြည့်လိုက်တယ်။ လိပ်စာကမှန်တယ်။ ဒါဆိုရင်...

ချလွင်... ချလွင်...

ခေါင်းလောင်းသံနှစ်ချက်က ဆက်တိုက်ထွက်ပေါ်လာသည်။ ဒီတစ်ခါတော့ ဆွဲလိုက်တာကြောင့်မဟုတ်ဘဲ ခြံထဲဝင်လာတာကြောင့်သာဖြစ်၏။

​ခြံထဲကနေ အိမ်ထဲသို့ဝင်လာရာလမ်းတစ်လျှောက် လူနဲ့တူတာဆိုလို့ တစ်ယောက်မှ မတွေ့ရဘူး။ စိတ်ထဲ နည်းနည်းတော့ထူးဆန်းလာမိပေမဲ့ ခြေလှမ်းတွေကိုတော့ မရပ်တန့်မိဘူး။ ဒီလိုနဲ့ပဲ အိမ်ရှေ့ဧည့်ခန်းထဲထိ ရောက်လာတယ်။ ထိုစဥ်မှာပဲ...

"ခွမ်း....!!!"

ပန်းကန်ကွဲသံတစ်ခုလိုလို ကြားလိုက်ရသည်။ အသံလာရာဘက်ဆီသို့ သွားကြည့်လိုက်တော့ မြင်လိုက်ရတာက...

𝙴𝙻𝚈𝚂𝙸𝚄𝙼 (hiatus)Where stories live. Discover now