39 - First L❤ve

519 20 15
                                    

ထိုအဖြေနှင့်အတူ အဲရစ်၏လက်တစ်ဖက်က ရှေ့မှလူရဲ့ကော်လံစကို ဆောင့်ဆွဲယူသည်။ ဦးတည်မိရာက လေးကိုင်းသဏ္ဍာန်ရှိသော နှုတ်ခမ်းတစ်စုံရှိရာဆီ။

"အွတ်"

"Uhmmm"

ရုတ်တရက်ဆန်လွန်းတာမို့ ဂျိမ်းစ်မှာ အံ့သြဖို့တောင် အချိန်မရှိခဲ့။ နှုတ်ခမ်းပေါက်နေတဲ့အပေါ်အနားသားကိုမှ ငုံထွေးကာ စုပ်ယူနမ်းလာခဲ့သူဟာ အဲရစ်။

လေးကိုင်းသဏ္ဍာန်ရှိသောနှုတ်ခမ်းအစုံနှင့် အသည်းပုံ နှုတ်ခမ်းအစုံက ကူးလူးယှက်နွယ်နေကြလျက်။ ကော်လံစကို မလွှတ်တမ်းဆုပ်ကိုင်ထားရင်း၊ ဂျိမ်းစ်ရဲ့အပေါ်နှုတ်ခမ်းဖျားကို နမ်းရှိုက်နေရင်းနဲ့ပင်၊ နှစ်ဦးသား၏ခြေလှမ်းတွေက ရွေ့လျားနေကြသည်။

ထိုညကဖြစ်ရပ်တွေကို အဲရစ် အကုန်မှတ်မိတယ်။

တုန်ယင်လှိုက်မောစရာ ပြင်းထန်လွန်းလှတဲ့အနမ်း။ သူတို့နှစ်ယောက်၏ ပူပြင်းလွန်းလှတဲ့ ခန္ဓာကိုယ်အပူချိန်။ ကြမ်းရှရှ အသက်ရှုသံတွေ။ အသားမာတက်နေတဲ့လက်ဖဝါးရဲ့အထိအတွေ့တွေ။

မျက်လုံးမှိတ်လိုက်တိုင်းမှာ ထိုခံစားချက်တွေက အသက်ဝင်လာတယ်။

သူမေးခဲ့တဲ့ဒီမေးခွန်းမှာ ပြန်ရလိုက်တဲ့အဖြေက 'အင်း' တဲ့။ ဒါဆို ထိုညကဖြစ်ရပ်မှာ ဂျိမ်းစ်တစ်​ယောက်မေ့သွားပြီး၊ သူသာလျှင်မှတ်မိနေရသလို ခံစားခဲ့ရတာတွေ။ နောက်နေ့နံနက်မှာကြုံခဲ့ရတဲ့ပြုမူပုံတွေကြောင့် ခံစားခဲ့ရတာတွေအတွက်လဲ အလျော်အကြေး ပြန်ရမှဖြစ်မယ်။

ညှီစို့စို့သွေးရဲ့အရသာက အကြင်သူနှစ်ယောက်လုံး၏ပါးစပ်ထဲမှာ ရောနှောယှက်တင်နေကြလျက်။ နှစ်ဦးသား၏လျှာဖျားလေးတွေက တို့ကာ၊ ထိကာ ကစားနေကြ၏။

သူ့အောက်နှုတ်ခမ်းကိုဆွဲစုပ်နေရင်းကနေ အားမရတော့လို့ထင်ပါရဲ့။ ဂျိမ်းစ်က သူ့ကိုယ်ကိုပွေ့၍ ခြေဖမိုးပေါ်မှာရပ်စေသည်။ နီးကပ်စွာထိတွေ့နေကြတဲ့လူနှစ်ဦး၏ရင်ဘတ်မှာ ရင်ခုန်သံချင်းထပ်တူကျစွာဖြင့်။

ဒီလိုနဲ့ပင် မိနစ်အတော်ကြာသွားခဲ့သည်။ မျက်လုံးတွေ ကိုယ်စီမှိတ်ထားရင်းနဲ့ပင် ခံစားချက်တွေကို အသက်သွင်းနေမိသည်။ နမ်းရင်း၊ ရှေ့သို့တိုးရင်းနဲ့ပင် သူတို့တွေ ကုတင်နားသို့ရောက်လာကြသည်။

𝙴𝙻𝚈𝚂𝙸𝚄𝙼 (hiatus)Where stories live. Discover now