32 - Hi..., My Old Friend

196 16 6
                                    

ဧကများစွာ ကျယ်ဝန်းသော Lavio နန်းတော်။ ဤနန်းတော်၏ဂိတ်ပေါက်ဝ၊ အရှေ့ဘက်၌ လမ်းရှည်တစ်ခုရှိသည်။ လမ်းရှည်၏ညာဘက်ခြမ်းတွင် တောအုပ်ငယ်တစ်ခုအလား သစ်ပင်ပန်းမန်များအုပ်ဆိုင်းစွာတည်ရှိနေသော ဥယျာဥ်တော်ကြီးတစ်ခုရှိ၏။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဧကများစွာ ကျယ်ဝန်းသော Lavio နန်းတော်။ ဤနန်းတော်၏ဂိတ်ပေါက်ဝ၊ အရှေ့ဘက်၌ လမ်းရှည်တစ်ခုရှိသည်။ လမ်းရှည်၏ညာဘက်ခြမ်းတွင် တောအုပ်ငယ်တစ်ခုအလား သစ်ပင်ပန်းမန်များအုပ်ဆိုင်းစွာတည်ရှိနေသော ဥယျာဥ်တော်ကြီးတစ်ခုရှိ၏။

ဘယ်ဘက်ခြမ်းတွင်တော့ တော်ဝင်မျိုးနွယ်များအတွက် မြင်းစီးကွင်း၊ ကစားကွင်း၊ လေ့ကျင့်ရေးကွင်း စသဖြင့်တည်ရှိ၏။

နန်းတော်၏ညာဘက်ခြမ်း၊ တောအုပ်ငယ်တည်ရှိရာဘက်၌ ...

"ဒါ... ဒါက Aron (အာရွန်) ?"

ထိုစကားက အဲရစ်နှုတ်ကနေ အံ့သြတကြီး၊ ထွက်ကျလာခဲ့သောစကားပင်။ မျက်စိရှေ့မှာမြင်နေရတာက ကြီးမားလွန်းလှတဲ့ ကိုးတောင်ကျားကြီးတစ်ကောင်။

တစ်ကိုယ်လုံးစွတ်စွတ်ဖြူနေပြီး၊ အနက်ရောင်အစင်းများရှိနေတဲ့ မျက်လုံးပြာပြာနဲ့ ကျားကြီးတစ်ကောင်က အဲရစ်တို့ရှေ့မှာ ထိုင်နေလေရဲ့။ အဲရစ် မှတ်မိရသလောက်ဆိုရင် အာရွန်ဆိုတာက Hobbiton တောအုပ်ထဲမှာတွေ့ခဲ့ရတဲ့ ကျားပေါက်စလေးတစ်ကောင်ပင်။

"အင်း အာရွန်လေ"

ခုဏက သူမေးလိုက်တဲ့မေးခွန်းကို ဂျိမ်းစ်က ခပ်တိုးတိုးဘဲ ပြန်ဖြေလာသည်။ ထိုလူက အခု အာရွန်ရဲ့ဘေးမှာ မတ်တပ်ရပ်နေပြီး၊ ကျားကြီး၏ လည်ဆံမွှေးတွေကို ဖွဖွသာသာ ပွတ်ဆွဲပေးနေလေရဲ့။

"ဘယ်လိုလုပ်ပြီး သူ ဒီကိုရောက်နေတာလဲ?"

လှမ်းမေးလိုက်တော့ အာရွန်ကိုပွတ်သပ်ပေးနေတဲ့ ဂျိမ်းစ်ရဲ့လက်တွေ ရပ်တန့်သွားသည်။ ထိုလူက နေ့ခင်းနေ့လည်အချိန်ကြီးတွင် မျက်မှန်မည်းကြီးတစ်လက်ကို ဝတ်ဆင်ထားတယ်။

𝙴𝙻𝚈𝚂𝙸𝚄𝙼 (hiatus)Where stories live. Discover now