41. Unexpected one is my father

156 10 0
                                    

Lavio နန်းတော်တွင်းရှိ ကိုယ်ရံတော်များ နားနေဆောင်။

ခုလက်ရှိ တပ်သား X မှာ၊ ကိုယ်ရံတော်များခေါင်းဆောင်ရဲ့အိပ်ခန်းထဲတွင် ဖြစ်၏။ အလုပ်မရှိ အလုပ်ရှာ၊ ထိုင်ခုံကိုခွထိုင်ရင်း ...

"ခေါင်းဆောင်"

"......"

စကားသံ ပြန်မရ။ "ပြော" ဆိုတဲ့ သဘောဖြင့် ခေါင်းဆောင်ဆီမှ မျက်လွှာတစ်ချက်ကို ရရှိ၏။

"ကျွန်တော် မေးစရာ တစ်ခုရှိလို့"

"....."

"သစ္စာခံသက်တော်စောင့်တစ်ယောက် ကိုယ်ရံတော်ဆွဲပြား ပျောက်သွားရင် ဘာဆက်ဖြစ်မှာလဲ?"

"ကျိန်စာ အသက်ဝင်လာလိမ့်မယ်"

X ရဲ့မေးခွန်းကို ခေါင်းဆောင်က ချက်ချင်းပင် အဖြေပြန်ပေးလာသည်။ သူ တွေးထားတဲ့အတိုင်းပင်။ ဒါကြောင့် နောက်ထပ်မေးခွန်းတစ်ခုကို ထပ်မေးကြည့်မိသည်။

"ခေါင်းဆောင်.... အိမ်ရှေ့မင်းသားနဲ့... ကျွန်တော်တို့အဖွဲ့ရဲ့ တပ်သား Eric"

"......"

"သူတို့နှစ်ယောက်မှာ ဘာပတ်သတ်မှု ရှိနေတာလဲ"

ခေါင်းဆောင်ထံမှ လှုပ်ရှားနေမှုတွေ ရုတ်ခြည်း တိတ်ဆိတ်သွား၏။ တပ်သား X... ခေါင်းဆောင်ဘက်ကို မျက်နှာမူလိုက်သည်။

လတ်တလော လာဗီအိုနန်းတော်အတွင်းမှာ ပျံ့လွင့်နေတဲ့ ကောလာဟလများစွာ ရှိ၏။ အိမ်ရှေ့မင်းသား Alexandros ရဲ့ သားတော်။ မင်းသားငယ်လေး 'Theodorus Lan Edison' က ဗြိတိန်တော်ဝင်မျိုးဆက်ရဲ့ သွေးသား အစစ်မှန် မဟုတ်လောက်ဘူးတို့။

ဒါ့အပြင် အိမ်ရှေ့မင်းသားက လိင်တူကြိုက်နှစ်သက်သူတစ်ယောက်။ မင်းသားငယ်လေးကိုက ထိုသတင်းကို ဖုံးကွယ်ရန်အတွင် မွေးစားထားခြင်းဆိုတာမျိုး။

ထို့ထက် ထိုထက် ပိုဆိုးတာက အိမ်ရှေ့မင်းသား Alexandros ဟာ အနီးကပ်သက်တော်စောင့်တစ်ယောက်နဲ့ လွန်ကဲကျူးလွန်တဲ့ဆက်ဆံရေးမျိုး တည်ရှိနေသည်တဲ့။ ကောလာဟာလတွေကတော့ အမျိုးမျိုးပင်။

ဒါပေမဲ့ ဘယ်လိုတွေး,တွေး မဖြစ်နိုင်တာကြီးက မင်းသားငယ်လေး Theodorus အကြောင်းပင်။ သူတို့အိမ်ရှေ့မင်းသားနဲ့ ဆံပင်အရောင်နှင့် နှုတ်ခမ်း လေးက,လွဲလို့၊ ကျန်တဲ့နေရာက ချွတ်စွပ်တူ​နေတာ။

𝙴𝙻𝚈𝚂𝙸𝚄𝙼 (hiatus)Where stories live. Discover now