27 - Just a Dream?

228 13 2
                                    

မီးခိုးရောင်တွေ...
အခိုးအငွေ့တွေကြား... လူလိုအရိပ်အငွေ့တွေကြားကမှ...

"လူလေးတို့... ရော့ ဒါကိုသောက်လိုက်! ပြီးရင် ဒီနေ့ ဖြစ်ခဲ့တာတွေ အကုန်မေ့ပစ်ရမယ် ဟုတ်ပြီလား"

"......"

ဘာလို့လဲ?
ငါက ဘာလို့ အဲဒီဆေးကိုသောက်ရမှာလဲ?
အဲဒီလူကြီးက ဘယ်သူလဲ?
ဘာလို့ သဲသဲကွဲကွဲမမြင်ရတာလဲ?
ငါတို့ကို ဘာလို့ အဲဒီဆေးကိုလာတိုက်နေတာလဲ?

ခေါင်းထဲမှာ ဆက်တိုက်မေးခွန်းများစွာက ထွက်ပေါ်လာသည်။ ဒါပေမဲ့ နှုတ်က အာစေးမိထားသလိုပင် ဘာအသံမှမထွက်နိုင်ခဲ့ဘူး။ တစ်ဖြည်းဖြည်းနဲ့ မြင်နေရသောပုံရိပ်တွေက ပြောင်းလဲသွားသည်။

စိမ်းစိုနေသော မြက်ခင်းစိမ်းပြင်ကြီးတစ်ခုရယ်။ နှစ်ခြိုက်စွာနဲ့ တစ်ခစ်ခစ်ရီသံများရယ်..

"ဟိတ်!"

"......"

"ဟေ့...ကောင်လေး မင်းကိုခေါ်နေတာလေ"

ချစ်ဖို့ကောင်းချက်။ ခန့်မှန်းခြေ ရှစ်နှစ်၊ ကိုးနှစ်လောက်တော့ရှိမည်။ ကလေးလေးတန်မဲ့ ဆံပင်တွေကို ခေါင်းလိမ်းဆီနဲ့ကျကျနနဖြီးသင်ထားလေတဲ့ ကောင်လေး။ ဖဲပြားဝိုင်းလေးချည်ထားရာ နက်ခ်တိုင်နဲ့ Suit အပြည့်အစုံကိုဝတ်ဆင်ထားသော်ငြား၊ အရမ်းကိုချစ်ဖို့ကောင်းလွန်းတယ်။

စိတ်မထိန်းနိုင်လွန်းလို့ နှင်းဆီရောင်ပါးဖောင်းဖောင်းလေးတွေဆီသို့ လက်ကရောက်သွားမိတော့...

"ခင်ဗျား... ဘယ်သူလဲ!"

သူ့လက်ကိုရိုက်ထုတ်လို့ မကျေမနပ်နဲ့ မျက်မှောင်ကြုတ်ကြည့်လာသေးတယ်။ ထို့အပြင် ထိုခပ်ဆောင့်ဆောင့်စကားသံပါ လက်ခံရရှိလိုက်သေးတယ်။

"အဟွန်း"

"......"

"မင်းနာမည် ဘယ်လိုခေါ်လဲ အရင်ပြောပြ"

"......"

"မပြောပြရင် ဖယ်တော့... အထဲဝင်မယ်"

"မဝင်ရဘူး!!!"

"အမ်..ဘာဖြစ်လို့လဲ"

"သူစိမ်းတွေကို လွယ်လွယ်ဝင်ခွင့်မပြုနိုင်ဘူး။ ခင်ဗျား ဘယ်သူလဲ အရင်ပြော"

𝙴𝙻𝚈𝚂𝙸𝚄𝙼 (hiatus)Where stories live. Discover now